Skip to main content

ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ်သိန်း ၆၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၃ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ်သိန်း ၆၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၃ သိန်း ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ည ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက် ဦးရေခဲလမ်းပေါ်တွင် မောင်မောင်ရွှေ (ခ)မောင်ရွှေ မောင်းနှင်လာသော TOYOTA Hilux Surf မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ၎င်းငှားရမ်းအသုံးပြုသည့် မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် (၈)လမ်းနှင့် မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက် အောင်မေတ္တာလမ်းရှိ တိုက်ခန်း နှစ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၄ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၂၀ ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း။

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အနန္တသုခလမ်းမပေါ်တွင် အောင်ကျော်ဇင်သက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ နှင့် ပွိုင့် ၃၂ ပစ္စတိုသေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေထိုင်သည့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင်ဒီပါလမ်းရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၁၄၅ သိန်းနှင့် TOYOTA LAND CRUISER PRADO မော်တော်ယာဉ်တစ်စီး ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂ သိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်