Skip to main content

သန့်ရှင်းသာယာသော မြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းမှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဆောင်ရွက်

နေပြည်တော် စက်တာဘာ ၁၀

ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။

ချုံနွယ်ရှင်း၊ ခြင်ဆေးဖျန်း

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ်ရှစ်မြို့နယ်တို့၌လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အပါအဝင် မြို့နယ် သုံးမြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နှင့် မိုင်းရယ်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်း မြို့အပါအဝင် မြို့နယ်လေးမြို့နယ် တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်ရှိ မြို့နယ် တစ်မြို့နယ်၊ မှော်ဘီခရိုင်ရှိ မြို့နယ် နှစ်မြို့နယ်၊ လှည်းကူးခရိုင်ရှိ မြို့နယ် တစ်မြို့နယ်၊ မင်္ဂလာဒုံခရိုင်ရှိ မြို့နယ် နှစ်မြို့နယ်၊ အင်းစိန်ခရိုင်ရှိ မြို့နယ် သုံးမြို့နယ်၊ မရမ်းကုန်းခရိုင်ရှိ မြို့နယ် သုံးမြို့နယ်၊ အလုံခရိုင်ရှိ မြို့နယ် သုံးမြို့နယ်၊ ကျောက်တံတားခရိုင်ရှိ မြို့နယ် ငါးမြို့နယ်၊ ဒဂုံမြို့သစ်ခရိုင်ရှိ မြို့နယ် လေးမြို့နယ်၊ သင်္ဃန်းကျွန်းခရိုင်ရှိ မြို့နယ် လေးမြို့နယ်၊ တွံတေးခရိုင်ရှိ မြို့နယ် ငါးမြို့နယ်၊ ဗိုလ်တထောင် ခရိုင်ရှိ မြို့နယ် ငါးမြို့နယ်၊ ကမာရွတ်ခရိုင်ရှိ မြို့နယ် နှစ်မြို့နယ်၊ သန်လျင်ခရိုင်ရှိ မြို့နယ် ငါးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ် ကိုးမြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် ချင်းပြည်နယ် မတူပီမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်အပါအဝင် မြို့နယ် ၁၁ မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်