Skip to main content

ဘက်စုံစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း (၁၀) မိုင်၌ မှိုမျိုးစုံမွေးမြူ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်

နေပြည်တော် စက်တင်ဘာ ၉

ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးထိခိုက်မှုကို ပြန်လည်ကုစားရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ မှိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အချိန်တိုအတွင်း ဝင်ငွေရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက် မှိုစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ (၁၀)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းတွင် စက်တင်ဘာ ၇ ရက်က မှိုမျိုးစုံမွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း အမှတ်စဉ်(၃/၂၀၂၂) သင်တန်းဖွင့်ပွဲကို ကျင်းပရာ သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ် စသည့် ဒေသကိုးခုမှ မှိုစိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူ တောင်သူ ၂၉ ဦးတို့ တက်ရောက် လေ့လာလျက်ရှိကြသည်။

တိုင်းဒေသကြီး၊ ပြည်နယ်များမှ မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း စိတ်ဝင်စားသူများကို နည်းပညာများ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ခုနစ်ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ မှိုပညာရှင်သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်