Skip to main content

နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၅

နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၌ ယနေ့ နံနက် ၈ နာရီတွင် အလယ် အလတ်အဆင့် အရာထမ်းစီမံ ခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၈) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို Online Learning System ဖြင့် ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၈)သို့ သင်တန်းသား ၅၅ ဦး၊ သင်တန်းသူ ၆၀ စုစုပေါင်း ၁၁၅ ဦး တက်ရောက်ကြပြီး စက်တင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ Distance Learning ဖြင့် လည်း ကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ In-House Learning ဖြင့်လည်းကောင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်