Skip to main content

တရားမဝင်ကုန်သွယ်မှု တားဆီး/ဖမ်းဆီးနိုင်ရေးအတွက် တားဆီး/ဖမ်းဆီးဆုငွေနှင့် သတင်းပေး ဆုငွေချီးမြှင့်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း

၁။ မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်း မရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဝင်ရောက်မှုအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေး စခန်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့များ ဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ ထိခိုက်ခြင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို အဟန့် အတားဖြစ်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင်ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချ နိုင်စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များ၌ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၃။ တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့် ပတ်သက်၍ တားဆီး/ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေ တပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား ဖမ်းဆီးသူများ အားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများအားလည်းကောင်း ပြည်ထောင်စုအစိုးရ အဖွဲ့၏အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်လျက်ရှိပါသည်။

၄။ တရားမဝင် တင်သွင်း/တင်ပို့မှုများ တွေ့ရှိပါက တင်သွင်း/တင်ပို့ ပစ္စည်းများနှင့် ပတ်သက်၍ တားဆီး/ဖမ်းဆီးနိုင်သည့် သတင်းအချက်အလက်တိတိကျကျဖော်ပြ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များထံသို့ တရားမဝင် တင်သွင်း/တင်ပို့ခြင်းအား ဖမ်းဆီးနိုင်ရေး လျှို့ဝှက်လုံခြုံစွာ သတင်းပေး၊ တိုင်ကြားနိုင်ပါသည်။

၅။ သတင်းပေးပို့သူနှင့်ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိမည် ဖြစ်ပါသည်။ သတင်းပေးပို့ခြင်းအတွက် ရရှိမည့်ဆုငွေများအား လျှို့ဝှက်စွာ ဆက်သွယ်အကြောင်း ကြား၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ဆက်သွယ်ထုတ်ပေးသွားမည့်အပြင် သတင်းပေးသူအား လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိပါသည်။

၆။ သတင်းပေးဆက်သွယ် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-