နေပြည်တော် ဩဂုတ် ၂၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းက လူငယ်များ သည် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များ ဖြစ်သည့် အတွက် မှန်ကန်သောအတွေး အခေါ်များရှိစေရန်နှင့် လမ်းကြောင်း မှန်ပေါ်ရောက်အောင် ပြုစု ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များကို အနာဂတ်တွင် ပညာရည်ထူးချွန်ပြီး အကျင့် စာရိတ္တနှင့် စည်းကမ်းကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်လာစေရေး၊ ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီဖေးမ ပြီး ဌာန၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာ တွင် ပိုမိုအောင်မြင်တိုးတက် အောင် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လူတိုင်းတွင် တန်ဖိုးနှင့်အရည် အချင်းများ ကိုယ်စီရှိကြကြောင်း၊ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကျရာ အခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် စေတနာ ထားပြီးလုပ်ငန်းများ ဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်ရေးရာဦးစီး ဌာနရှိ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၊ လူ့စွမ်းအား အရင်းအမြစ်၊ လေ့ကျင့်ရေးနှင့် အသိပညာပေး ဌာနခွဲ၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနခွဲနှင့် မသန်စွမ်းလူငယ်များဌာနခွဲတို့မှ အရာထမ်း/ အမှုထမ်းများက တစ်ဦးချင်း မိတ်ဆက်ကြသည်။
ဆက်လက်၍ လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနား အပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဌာနခွဲအလိုက်ရုံးခန်း ဖွင့်လှစ်ထားရှိမှုနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်