နေပြည်တော် ဩဂုတ် ၂၂
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် အာရောဂျသုခ တက္ကသိုလ်ဆေးခန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၅ ရက် ညနေ ၄ နာရီတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒမထေရ်မြတ် အမှူးပြုသောဌာနကြီးမှူး ဆရာတော်ကြီးများက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ရှိ ဆေးခန်းအဆောက်အအုံ၌ ကျင်းပခဲ့သည်။
အာရောဂျသုခ တက္ကသိုလ်ဆေးခန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး တက္ကသိုလ်ရှိ သင်တန်းအသီးသီးသို့ တက်ရောက် သင်ကြားလျက်ရှိသော ပြည်တွင်း ပြည်ပမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် သင်တန်းသား သင်တန်းသူများ၊ (သင်ကြား/စီမံ) ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်