Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း

နေပြည်တော် ဩဂုတ် ၂၂

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအဖွဲ့အစည်း(၁၉)ခုမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ()လပတ်ကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး၊ ဌာနအကြီးအကဲများက ဌာနအလိုက် ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းအင်အားအခြေအနေ၊ ဘဏ္ဍာငွေရှာဖွေနိုင်မှုနှင့် သုံးစွဲမှု၊ စီမံကိန်းများ အကောင်အထည်ဖော်နိုင်မှု၊ ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားရေးလေ့ကျင့်သင် ကြားမှုများ၊ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်မှု၊ အသစ်ရေးဆွဲမှု၊ ()လပတ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု၊ အထွေထွေ ကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဌာနအလိုက်ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်သင့်သည် များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်