Skip to main content

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုဏ် ၂၂

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပသည်။

ဦးစွာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ကလေးသူငယ်များအရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအပေါ် ပြန်လည်စိစစ်သုံးသပ်မှုများ ပြုလုပ် လျက်ရှိပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့် ရှောက်နိုင်ရန် လိုအပ်သည့် ကဏ္ဍအလိုက် ပြင်ဆင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာ ရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသား အဆင့်လုပ်ငန်း စီမံချက်(၂၀၂၂-၂၀၂၃)မူကြမ်းကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ လူငယ်သင် တန်းကျောင်းများမှ ပြစ်ဒဏ်ကျကလေးသူငယ် (၃၂၈)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံနိုင်ခဲ့ပါကြောင်း၊ မသန်စွမ်း ကလေးသူငယ် (၄၈၉)ဦးကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်ပါကြောင်း။

စနစ်တကျ လေ့ကျင့်ထားသော လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူများသည် ကလေးသူ ငယ်များအပေါ် အလွဲသုံးခြင်းမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး လိုအပ်ချက်အလိုက် ထောက်ပံ့ပေးခြင်း၊ ကလေးသူငယ်များအား စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုများပေးခြင်း၊ မိသားစုနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးများ ဆောင်ရွက်ပေးခြင်းနှင့် အခြားလိုအပ်သောအကူ အညီများရရှိရန် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ လူမှုဝန်ထမ်း  ဦးစီးဌာနအနေဖြင့် ဥပဒေနှင့်ငြိစွန်းသော ဖြစ်ရပ်(၉၀၄)ခုနှင့် ဥပဒေနှင့် ငြိစွန်းမှုမရှိသော ဖြစ်ရပ်(၈၃)ခု စုစုပေါင်းဖြစ်ရပ်(၉၈၇)ခုကို ဖြေရှင်းကူညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေးအသိ ပညာပေးအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာသင်ကျောင်း (၁၄၂)ကျောင်းတွင် ကျောင်းသား  ကျောင်းသူများအားကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်ရေးခေါင်းစဉ်ဖြင့် ဇူလိုင် ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၈၉)ကျောင်းတွင် ပြီးစီးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ အမျိုးသား ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ကလေး သူငယ်များ၏ မွေးရာပါ အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်တိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များအား ထားရှိလက်ခံစောင့်ရှောက်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးမှ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်နှင့် ကလေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာများ လိုက်ပါ ဆောင်ရွက်မှုကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။  ဆက်လက်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများမှ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရ အမျိုးသားကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်