Skip to main content

မြန်မာပြည်သိန်းတန်၏ “သီချင်းဒိုင်ယာရီ-၂” တေးဂီတဖျော်ဖြေပွဲမြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် ဇူလိုင် ၁၃

ပြည်သူများအပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Show ဆန်းသစ်တင်ဆက်မှုအဖြစ် နိုင်ငံကျော်အဆိုတော်ကြီး မြန်မာပြည် သိန်းတန်၏ “သီချင်းဒိုင်ယာရီ-၂” တေးဂီတဖျော်ဖြေပွဲကို ဇူလိုင် ၁၅ ရက်(သောကြာနေ့) ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းအစီအစဉ်တွင် မြန်မာပြည်သိန်းတန်နှင့်အတူ မျိုးဆက်သစ်တေးသံရှင်များဖြစ်ကြသည့် စောဒယ်နီရယ်၊ ရေဂျီနာ၊ ချိုမီမီဇော်နှင့် အိအိလှိုင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ သရုပ်ဆောင်နေဒွေးနှင့် သဉ္ဇာမြင့်မိုရ်တို့က လည်း အားဖြည့်တင်ဆက်ပေးကြမည်ဖြစ်သည်။

ထိုသို့တင်ဆက်မှုကို ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်