နေပြည်တော် ဇူလိုင် ၄
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြ သော ဦးမျိုးတင့်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၀/၂၀၂၁ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၂၅/၂၀၂၁ (တနင်္သာရီ)၊ ၂၆/၂၀၂၁ (တနင်္သာရီ)၊ ၃၁/၂၀၂၁ (မန္တလေး)နှင့် ၈/၂၀၂၂ (ရန်ကုန်) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု လေးမှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁/၂၀၂၂ (ရခိုင်)နှင့် တရားမအထူးအယူခံမှု အမှတ်၂၈/၂၀၂၀(ရှမ်း)၊ ၄၁/ ၂၀၂၀ (မွန်)နှင့် ၇/၂၀၂၁ (ရန်ကုန်) စုစုပေါင်းရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု သုံးမှုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်