နေပြည်တော် ဇူလိုင် ၄
(၇)ကြိမ်မြောက် မဲခေါင် - လန်ချန်းပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင်လည်းကောင်း၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဗူရီသိုင်စွန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင်လည်းကောင်း ပုဂံမြို့ရှိ ညောင်ဦးလေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့များအား နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်