နေပြည်တော် ဇူလိုင် ၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသ အတွင်း၌ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများ အတွက် ဇွန် ၃၀ ရက်တွင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)ဗဟိုက စားသောက်ဖွယ်ရာ ၁၁ မျိုးကို အရှေ့တောင်တိုင်းစစ် ဌာနချုပ်သို့ သွားရောက် ဂုဏ်ပြုချီးမြှင့်ကြသည်။
တပ်မတော်သားများအတွက် ပေးအပ်ချီးမြှင့်သော စားသောက်ဖွယ်ရာ ၁၁ မျိုးကို မွန်ပြည်နယ် (YMBA) ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးက ပေးအပ်ချီးမြှင့်ရာ တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အလားတူ ယနေ့ညနေပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ကျောက်ဆည်မြို့တို့မှ စေတနာရှင် မိဘပြည်သူများက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသ အတွင်း၌ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ် သိန်း ၅၅၀ နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်