Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

နေပြည်တော် ဇူလိုင် ၁

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ လေသာကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ မှန်နန်း ကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ဓမ္မဂုဏ်ရည်ကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်ရှိ ရွှေကျောင်းကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ဓမ္မရိပ်သာကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

သတင်းစဉ်