Skip to main content

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်လှစ်

နေပြည်တော် ဇွန် ၂၉

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ် ဘောလုံးကွင်း၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် အနောက်တောင် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် နယ်မြေခံလေတပ်စခန်းဌာနချုပ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇူလိုင် ၁၃ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်