နေပြည်တော် ဇွန် ၂၉
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် သွားရောက်မည့် ဆရာ ဆရာမများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိ မြို့ဖများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ငွေများ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်မည့် ဆရာ ဆရာမများအတွက် ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ကြပြီး ဆရာ ဆရာမများကိုယ်စား မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်