Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး

နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ အသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူခြင်း၊ ပညာပေးလက်ကမ်းစာဆောင်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများကို ဇွန် ၂၇ ရက်က ပျဉ်းမနားမြို့နယ် မင်္ဂလာရှမ်းကန်၌ ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လင်းမြင့်နှင့် တာဝန်ရှိသူများသည် ဇွန် ၂၃ ရက်က ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာမှ ဒေသခံများနှင့်တွေ့ဆုံပြီး ဒေသတွင်းငါးသယံဇာတ ပိုမိုပေါများလာစေရေးနှင့် ရေရှည်တည်တံ့ပြန့်ပွားနိုင်ရေးအတွက် ထိန်းသိမ်းရာတွင် ပူးပေါင်း ပါဝင်လာရေးတို့ကို ရှင်းလင်းပြောကြားပြီး ကျည်တောင်ကျေးရွာ (အထက်ပေါင်းလောင်းချောင်း) အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ငါးသယံဇာတ ထိန်းသိမ်းရေးအသိပညာပေးပိုစတာကို စိုက်ထူပေးပြီး ဒေသခံများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အလားတူ ဇွန် ၂၄ ရက်က လယ်ဝေးမြို့နယ် ဆင်အုံကန်အနီးနှင့် ဒက္ခိဏသီရိမြို့နယ် တပ်ပိုးကျေးရွာ၌ ငါးသယံဇာတထိန်းသိမ်းရေး ဆိုင်ရာပညာပေးပိုစတာများ စိုက်ထူပေးပြီး ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်