Skip to main content

မြိတ်မြို့နှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်းတွင် ရန်နိုင်စိုး(ခ)ခေါင်းပြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဇွန် ၃ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအနီး၊ တာချီလိတ်-မိုင်းဆတ် သွားကားလမ်းတွင် လင်းလင်းအောင် မောင်းနှင်လာသည့် DUMP TRUCK အမျိုးအစား ၆ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ကဖင်း ကီလို ၃,၆၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)