Skip to main content

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် မေ ၂၁

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရန်အောင်မြင်ခန်းမ၌ကျင်းပရာ တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက်တိုင်းမှူးက အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်