Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် မေ ၁၂

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

မေ ၁၄ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄) အမှတ်(၂၀)၌ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရခြင်းအကြောင်းနှင့် ဓလေ့ထုံးစံများကို တန်ဖိုးထား ထိန်းသိမ်းတတ်ရမည့်အကြောင်း တင်ဆက်ထားသည့် “ကဆုန်ညောင်ရေသွန်းပွဲတော် ဆင်နွှဲပျော်” မျက်နှာဖုံးကာတွန်း၊ “အဝေးကြည့်မှန်ပြောင်း” အကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် သုတဆောင်းပါး၊ မိမိ၏ အလုပ်တာဝန်ကို သူတစ်ပါးအပေါ် လွှဲချခဲ့မိသော ဖြိုးရဲအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖြိုးရဲ၏ ညာမိတဲ့အပြစ်” နှစ်မျက်နှာ ကာတွန်း၊ မီးဘေးသင့်သူများအပေါ် စေတနာထားကာ ပရဟိတလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပါဝင်ကူညီပေးကြသော လူငယ်လေး အချို့အကြောင်းကို တင်ဆက်ထားသည့် “စေတနာရှင်ပရဟိတ” ဝတ္ထုကဏ္ဍ၊ ဖိနပ်အသစ် ဝယ်ပေးရတော့မည့် တီလေးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “တုံတုံ” တစ်မျက်နှာ ကာတွန်း၊ ဥဩငှက်ကလေး ကူကူးအကြောင်းကို ကလေးတို့စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားသည့် “ချစ်သားသားလေးကူကူး” ပုံပြင်ကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်