Skip to main content

ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းများ စစ်ဆေးရေး ကော်မတီ နှင့် ခရိုင်/ မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေး ကော်မတီ အစည်းအဝေးကျင်းပဆောင်ရွက်

လွိုင်ကော်  မတ် ၁၄

ကယားပြည်နယ်အတွင်းရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းများ စစ်ဆေးရေး ကော်မတီ နှင့်  ခရိုင်/ မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန် က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေး နှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များနှင့် ခရိုင်/မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေး ကော်မတီဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့အစည်းအဝေးသည် ပြည်နယ်/ ခရိုင်/မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် အားနည်းချက်၊ အားသာချက်များကို ပေါင်းစပ်ညှိနှိုင်းနိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ နှင့် ပတ်သက်၍ လက်ရှိမြေပြင်အနေအထားတွင် ကွင်းဆင်းစိစစ်ရာ၌ အချိန်နှင့်တစ်ပြေးညီဌာနများမှ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆောင်ရွက်ရာတွင် အားနည်းချက်များ၊ စီမံမှုအားနည်းနေ၍ ယခုအစည်းအဝေး ခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ယခင်က တည်/ကော် နှင့် ပတ်သက်၍ မြို့နယ်/ခရိုင်များမှ စိစစ်ခဲ့ကြောင်း၊ QC များကို ငှားရမ်းခဲ့ခြင်း မရှိပါကြောင်း၊ အင်ဂျင်နီယာမရှိသည့် ဌာနများမှလည်း မြို့နယ်တည်/ကော်၏ အကူအညီရယူ၍ ဆောင်ရွက်ရသည်များရှိပါကြောင်း ၊

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေး နှစ်တွင် QC များ ငှားရမ်းဆောင်ရွက်နိုင်ခဲ့ပြီး တိုးတက် သင့်သလောက် တိုးတက်ခဲ့ပါကြောင်း၊ ယင်းအတွက် ဌာနများမှ သက်သာသည့် အခြေအနေများကိုလည်း တွေ့မြင်ရပါကြောင်း QC အဖွဲ့ငှားရမ်းစိစစ် ဆောင်ရွက် ခဲ့သော်လည်း အားနည်းချက်များနှင့်စပ်လျဉ်း၍ ဌာနများတွင်သာအဓိကတာဝန်ရှိပါကြောင်း၊ ယင်းအခြေအနေတွင် ဌာနမှတစ်ဆင့် အစိုးရအထိ သက်ရောက်မှုများရှိပါကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် QCများကို ငှားရမ်းခြင်းမရှိဘဲ မြို့နယ် တည်/ကော် များဖြင့်သာဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အချို့သောဌာနများတွင် အင်ဂျင်နီယာအသိမရှိနိုင်သည့် အခြေအနေ များနှင့်စပ်လျဉ်း၍ မြို့နယ် တည်/ကော်များ ကသာအဓိက ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်တည်/ကော်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်းကုမ္ပဏီများကို ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်တွင်သာ အဓိကတာဝန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ် တည်/ကော်၏ အတည်ပြုချက်မရရှိဘဲနှင့် ငွေထုတ်ခွင့်များကို တင်ပြခြင်းမပြုရန် ၊ အဆင့်ဆင့်သော တည်/ကော် များ၏ အတည်ပြုချက်များဖြင့်သာ ဆောင်ရွက်ကြရန် ၊ ယင်းတို့မှ ထောက်ခံတင်ပြ လာမှသာလျှင် ထုတ်ပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေနှင့် စပ်လျဉ်း၍ အခက်အခဲများလည်း နည်းပါးလာမည်ဖြစ်ပါကြောင်း၊ အချို့သောကုမ္ပဏီများမှ ပြည့်စုံစွာ ဆောင်ရွက်ပေးသော်လည်း မြေပြင်တွင် ကြန့်ကြာမှုများမရှိအောင် အပြန်အလှန်ရိုင်းပင်းမှုဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အဓိကအားဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးများတွင် တာဝန်ရှိပြီး အလေးထားဆောင်ရွက်ပေးရန် ပြောကြားလိုပါကြောင်း၊ တည်/ကော်များကို ဖွဲ့စည်းရာတွင် ကျွမ်းကျင်သူများ၊ တတ်သိနားလည်သူများကို ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်တည်ဆောက်လုပ်ငန်းများ စိစစ်ရေး ကော်မတီ အတွင်းရေးမှူး လမ်းဦးစီးဌာနမှ ဆွေးနွေး တင်ပြရာ လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိပြီး အချို့လုပ်ငန်းများအနေနှင့် ရေရှားပါးသည့် အခြေအနေ များကြောင့် လုပ်ငန်းများ အချိန်မီပြီးစီးမှု မရှိသည့် အခြေအနေများကို စိစစ်တွေ့ရှိရပါကြောင်း၊ ယင်းနောက် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တင်ပြရာ QC ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းပြီးစီး မှုကို ကနဦးစိစစ်ပါကြောင်း၊ မြို့နယ်တည် / ကော်များ အနေနှင့် လုပ်ငန်းတာဝန်များ များပြားသော်လည်း (၁)ပတ် (၂)ကြိမ် ဖြင့် တည်/ကော်အဖွဲ့များ စုစည်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အစီရင်ခံစာအဆင့်ဆင့် တင်ပြလျက်ရှိပါကြောင်း၊ လုပ်ငန်း ကုမ္ပဏီများအနေနှင့် လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလမ်းညွှန်မှုများ ခံယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့နောက် ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းပြီးစီးရမည့် ရာခိုင်နှုန်း ရှိ/မရှိ အသုံးပြုသည့် ပစ္စည်းများဖြင့် ဆောင်ရွက်မှုရှိ/မရှိများကို စိစစ်၍ ဆောင်ရွက်မှုများကို ဆုံးဖြတ်ပြီးရန်ပုံငွေ ထုတ်ပေးနိုင်ရေး တင်ပြခြင်းများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လမ်းတိုးချဲ့ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်မီးတိုင်များ ရွှေ့ပြောင်းရန် ရှိပါက ယင်းအတွက် ရန်ပုံငွေကို ထည့်သွင်းလျာထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ လုပ်ငန်းများကို အချိန်မီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့မှ တည်/ကော်နှင့်စပ်လျဉ်း၍ ရေသန့်၊ မိလ္လာများကို စိစစ်တာဝန်ယူလျက်ရှိပြီး လမ်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ TTC လျာထားမြေနေရာတွင် တောင်သူများမှလာရောက်ကန့်ကွက်မှုများ ရှိနေပြီး မြေကြီးလုပ်ငန်းနှင့် မီးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လုပ်ငန်းများစတင်စာချုပ်စဉ်ကပင် စတင် ဆောင်ရွက်ရန်တွန်းအားပေးလျက်ရှိပြီး အခါအားလျော်စွာ ရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်၍ ရန်ပုံငွေထုတ်ပေးနိုင်ရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်စေလျက်ရှိပါကြောင်း လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆွေးနွေး တင်ပြရာတွင် ခရိုင်တည်/ကော်အဖွဲ့တွင် လိုအပ်သည့် ဌာနများ ထည့်သွင်းဖွဲ့စည်းသွားမည့် အခြေအနေများ၊ စစ်ဆေးမှုများနှင့်ပတ်သက်၍ မှတ်တမ်း များကို အစိုးရ အဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြလျက်ရှိပြီး လုပ်ငန်း ဆောင်ရွက်မှုအနေနှင့် သီးခြားရုံးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ မအားလပ်သည့် အချိန်တွင် ဒုခရိုင်/ဒုမြို့နယ်မှူးများဖြင့် စိစစ် ဆောင်ရွက် စေလျက်ရှိသည်များအား ရှင်းလင်းတင်ပြခြင်း၊ ခရိုင်လမ်းဦးစီးမှ တည်ကော်စစ်ဆေး ဆောင်ရွက်သည့် စစ်ဆေးချက်အခြေအနေများအား ရှင်းလင်းတင်ပြ ခြင်း၊ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည့် ဌာန ဆိုင်ရာများအား ခရိုင်တည်/ကော်တွင် ထည့်သွင်း ဖွဲ့စည်းလိုသည့်အခြေအနေများ၊ ခရိုင်တွင်း တည်ဆောက် ရေးလုပ်ငန်းများ စတင်မှုမရှိသည့် လုပ်ငန်းများနှင့် လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာလျက်ရှိသည့် လုပ်ငန်းများ၏ အခြေအနေများအား လည်းကောင်း၊ ဘောလခဲခရိုင် တည်/ကော်အတွင်းရေးမှူးမှ လုပ်ငန်းများ ကွင်းဆင်းစိစစ်ဆောင်ရွက်သည့် အခြေအနေများနှင့် စိစစ်တွေ့ရှိချက်မျာအား လည်းကောင်း၊ ဘောလခဲခရိုင် လျှပ်စစ်အင်ဂျင်နီယာမှ ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်း ဆောင်ရွက်မှု များအား လည်းကောင်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများတွင် Estimate များအား ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည်များကို အကြံပြုခဲ့မှုများအား လည်းကောင်း၊ ခရိုင်အတွင်း ဓာတ်တိုင်များ ရွှေ့ပြောင်း ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရွှေ့ပြောင်းရာတွင် သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ဆောင်ရွက်ပေးရန် အခြေအနေများအား တင်ပြကြသည်။

ထို့နောက် မြို့နယ် တည်/ကော်များမှ တင်ပြရာ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းများ စိစစ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သက်ဆိုင်ရာ တည်/ကော်အဖွဲ့များနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လမ်းလုပ်ငန်းများကို စိစစ် ဆောင်ရွက်မှု အခြေအနေများ၊ လွိုင်ကော်မြို့နယ် စည်ပင်ကော်မတီမှ တင်ပြရာ လုပ်ငန်းများကွင်းဆင်း စိစစ်ရာ တွင် အားနည်းချက်၊ အားသာချက်များကို တွေ့မြင်ရသည့် အခြေအနေများ၊ လုပ်ငန်းကွင်းဆင်း ဆောင်ရွက်ရာတွင် မော်တော်ယာဉ်အခက်အခဲရှိသည့် အပေါ် ဖြေရှင်းပေးစေ လိုသည့် အခြေအနေများ၊ လွိုင်ကော်မြို့နယ် တည်/ကော် အတွင်းရေးမှူးက တင်ပြရာ လုပ်ငန်းစစ်ဆေးစဉ် အသေးစိတ်စိစစ်ပြီး လမ်းညွှန်မှာကြားမှုများ၊ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ် ရေးမှူးမှ မြို့နယ်တွင်း တည်/ကော် စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ဒီးမော့ဆိုမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တင်ပြရာ ပြည်နယ် တည်ဆောက်ရေး လုပ်ငန်းများအတွက် သတ်မှတ်ထားသည့်စံချိန်စံညွှန်းအတိုင်းအသုံးမပြု၍ စံချိန်မီအတိုင်း ဆောက်လုပ်  စေလိုကြောင်း၊ ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးမှ တင်ပြရာ လုပ်ငန်းများစိစစ်ဆောင်ရွက် မှုများ၊ ရန်ပုံငွေ ခွင့်ပြုချထားပေးသည့် အခြေအနေများအား ရှင်းလင်း တင်ပြခြင်း၊ ရှားတောမြို့နယ်   အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းအားလုံး (၁၀၆)ခုရှိပြီး ယင်းလုပ်ငန်းများအပေါ် ကွင်းဆင်းစိစစ် ဆောင်ရွက်နေသည့် အခြေအနေများ၊ စိစစ်တွေ့ရှိချက်များအပေါ် လမ်းညွှန်ခဲ့မှုများအား ရှင်းလင်း တင်ပြခြင်း၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူးမှ တည်/ကော် လုပ်ငန်း စိစစ်ဆောင်ရွက်မှုများ၊ တည်/ကော်အဖွဲ့ဝင်များ တိုးချဲ့ ဖွဲ့စည်း ဆောင်ရွက်လိုသည့် အခြေအနေများ၊ မြို့နယ်တွင်း ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေများဖြင့် လုပ်ငန်း ဆောင်ရွက်ရမည့် အခြေအနေများ၊ မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူးမှ တည်/ကော်ဖွဲ့စည်းမှု၊ လုပ်ငန်းရရှိမှုနှင့်ရန်ပုံငွေ ခွဲဝေရရှိမှုများ၊ လုပ်ငန်းများ စိစစ်ဆောင်ရွက်စဉ် တွေ့ရှိမှုများ၊ အချို့လုပ်ငန်းများ အနေနှင့် လုပ်ငန်းဆောင်ရွက်မှု ကောင်းမွန်မှုမရှိသည့် အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်စဉ် ထည့်သွင်း အသုံးပြုသင့်သည့် ပစ္စည်းများမှန်ကန်စေရေး ကြပ်မတ် ဆောင်ရွက်သင့်သည့် အခြေအနေများ၊ မယ်စဲ့မြို့နယ် တည်ကော်အဖွဲ့ဝင်မှ တည်ကော် စစ်ဆေးခြင်းအား အားစိုက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မယ်စဲ့မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှ တည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် မြေပြင် အခြေအနေနှင့်ကိုက်ညီမှုရှိသည့် ထည့်သွင်းတွက်ချက်ရန် လိုအပ်သည့်အခြေအနေများ၊ အချို့လုပ်ငန်းစိစစ်ရာတွင် ပြုပြင် ဆောင်ရွက်သင့်သည့် အခြေအနေများအား ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ ရေရှားပါးသည့် အခြေအနေများကြောင့် တည်ဆောက်ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာသည်မှာ မဖြစ်သင့်ပါကြောင်း၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ကြပ်မတ်နိုင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးထံသို့ အချိန်မီတင်ပြနိုင်ရမည် ဖြစ်ပါကြောင်း၊ အားနည်းချက်/အားသာချက်များကို ကြပ်မတ်နိုင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှု အခြေအနေပေါ် မူတည်၍ ရန်ပုံငွေများကို ထုတ်ပေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက် သည့် ကုမ္ပဏီများအနေနှင့် မှန်မှန်ကန်ကန် ပြီးစီးမှုအတွက်ကိုလည်း ရန်ပုံငွေများအချိန်မီရရှိအောင် ဆောင်ရွက်ပေးရန် ဌာနများတွင်တာဝန်ရှိပြီးပါကြောင်း၊ ထို့အပြင် မြို့နယ်တည်/ကော်များအနေနှင့် မိမိတို့၏ စိစစ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်ဇယားများ ရေးဆွဲ၍ စိစစ်ဆောင်ရွက်ရန် ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ဝေးလံသည့်ဒေသများ၊ သံသယရှိနိုင်သည့် ဒေသများကိုအလေးထား စိစစ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်အတွင်းရှိ လုပ်ငန်းများနှင့်စပ်လျဉ်း၍ မပြီးနိုင်ဟု ယူဆထားသည့် လုပ်ငန်းများရှိပါက ယခုကတည်းက ကြိုတင်တင်ပြကြရန်လိုပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ လမ်းလုပ်ငန်းနှင့် လျှပ်စစ်မီးလုပ်ငန်းများ ကြန့်ကြာနေမှုနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့်ဥပဒေ၊ စည်းမျဉ်းများ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ရန်လိုပါကြောင်း၊ ဘောလခဲခရိုင်အတွင်း လုပ်ငန်းစတင်မှုမရှိသည့် လုပ်ငန်းများ နှင့် နှောင့်နှေးကြန့်ကြာနေသည့် လုပ်ငန်းများ (၁) ပတ်အတွင်း ဆောင်ရွက်ရန်လမ်းညွှန်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ် တည်/ကော်များအနေနှင့် အဓိကတာဝန်ရှိပါကြောင်း၊ တင်ပြချက်များအပေါ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးမှ လုပ်ငန်းများစိစစ်ရာတွင် မြို့နယ်တည်/ကော် များကအခြေခံအကျဆုံးဖြစ်ပြီးအချိန်ပေး၍ ကြပ်မတ်ပေးစေလိုပါကြောင်း၊ စိစစ်ထားရှိမှု အထောက်အထားများကိုလည်း ထားရှိရန်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှုတင်ပြရာတွင်လည်း အပြည့်အစုံတင်ပြရန် အလေးထားပြောလိုပါကြောင်း၊ စစ်ဆေးရာတွင်အဓိကအနေနှင့် စံချိန်စံညွှန်းပြည့်မီခြင်း ရှိ/မရှိ စိစစ်ရန်နှင့် သတ်မှတ် ချိန်ပြီးစီးမှု ရှိ/ မရှိကို စိစစ် ရန်ဖြစ်ပါကြောင်း၊ အဆောက်အအုံ လုပ်ငန်းများတွင်လည်း အလားတူ စောင့်ကြပ် ကြည့်ရှု စစ်ဆေး ရန်လိုပါ ကြောင်း၊ မြို့နယ် တည်/ကော် အဖွဲ့ဝင်စည်ပင်သာယာရေး ကော်မတီဝင်များအနေနှင့် လိုအပ်သည်များ၊ တွေ့ရှိချက် များကို တင်ပြအကြံပြု ပေးစေလိုပါကြောင်း၊ ထို့အပြင် လမ်းလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်စဉ် ဓာတ်တိုင်များရွှေ့ပြောင်း ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလမ်းဆောင်ရွက်မည့်ဌာနမှ ယင်းဓာတ်တိုင်များ ရွှေ့ပြောင်းရေးအတွက် ရန်ပုံငွေများကို တပါတည်းလျာထား တင်ပြရန်လိုပါကြောင်း၊ ထို့အပြင်ပညာရေးကောလိပ်လျာထားမြေနေရာတွင် လမ်း၊ မီး၊ ရေ ရရှိရေး လုပ်ငန်းများအတွက် ကွင်းဆင်းစိစစ်၍ ရန်ပုံငွေများ လျာထားဆောင်ရွက်ပေးခဲ့ပြီး ယခုဖြစ်ပေါ် နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်း၍ မရနိုင်ပါက ဥပဒေကြောင်းအရသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်ချက် များအား ဖြည့်စွက်အကြုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းလေး