၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၄ ရက်
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်)
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စရပ်များ မပါ)အား ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။