နေပြည်တော် ဧပြီ ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း (ကွမ်ရှီးနိုင်ငံခြားရေးရုံး)သည် ကွေ့ကျိုးပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း၊ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အတွင်းရေးမှူးရုံးတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် Online မှတစ်ဆင့် “We together paint a better future” “အနာဂတ်ပို၍လှပဖို့ အတူတကွရေးဆွဲစို့” ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် တရုတ်- အာဆီယံလူငယ်ပန်းချီပြပွဲ ၂၀၂၂ အား ကျင်းပသွားမည်ဖြစ်သည်။
တရုတ် - အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ လူငယ်များအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်ရန်နှင့် ပြည်သူချင်းချိတ်ဆက်မှုကို တိုးမြှင့်ရန်ရည်ရွယ်၍ ဒုတိယအကြိမ် တရုတ် - အာဆီယံလူငယ်ပန်းချီပြပွဲ ၂၀၂၂ အား အကောင်းမွန်ဆုံးသော ပန်းချီလက်ရာများဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အသက် သုံးနှစ်မှ ၁၂ နှစ်အတွင်းရှိ ကလေးအုပ်စုနှင့် အသက် ၁၃ နှစ်မှ ၂၂ နှစ်အတွင်းရှိ လူငယ်အုပ်စုဟူ၍ အုပ်စု (၂)စုခွဲ၍ ကျင်းပသွားမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုသည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Ms. Zhao, Tel:5645989, 15878805008, Fax:5626203 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ပြိုင်ပွဲဝင် အီး - ပန်းချီကားများကို scan ဖတ်၍ ၂၀၂၂ ခုနှစ် မေ ၁ ရက် နောက်ဆုံးထားကာ gxpaffc@wsb.gxzf.gov.cn မှတစ်ဆင့် ပေးပို့ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန တယ်လီဖုန်းအမှတ် ၀၆၇-၃၄၁၃၉၄၇၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်