Skip to main content

ဒလမြို့နယ်အတွက် စွန့်ပစ်အမှိုက်ပုံ တည်ဆောက်လျက်ရှိ

ရန်ကုန်  ဧပြီ ၂၇

တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်၊ ကျိုက်သလဲရေနက်ကွင်း  ငါး မွေးမြူရေးစခန်း   မြေဧက ၁၀၉ ဒသမ    ၉၃ ဧကအပေါ်၌   မြို့ပြ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ  ဆောင်ရွက်မည့်    ဒလမြို့နယ်အတွက် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ တည်ဆောက်ရန် မြေပြုပြင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှု များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ  (ဒုတိယမြို့တော်ဝန်) ဦးညီညီနှင့်အဖွဲ့ဝင်များ ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ဒလနောက်ဆုံး စွန့်ပစ်အမှိုက်ပုံ မြေနေရာသည် တိရစ္ဆာန်ဆေးကုနှင့်   ထုတ်လုပ်ရေးဌာန၏ တွံတေးငါးမွေးမြူရေးစခန်းမြေနေရာမှ  ငါးမွေးမြူရေး ကန်အဖြစ် အသုံး မပြုရသေးသည့် မြေနေရာ   ၁၀၉ ဒသမ ၉၃ ဧက ပေါ်တွင် စီမံခန့်ခွဲရေး အဆောက်အအုံ၊  အမှိုက်အလေးချိန်  ချိန်တွယ်သည့်စက်၊ ယာဉ်အဝင်/အထွက်လမ်းများ၊ ရေနုတ်မြောင်းများ၊   မြေထိန်းနံရံများ၊ ဓာတ်ငွေ့ထုတ်သည့်ပိုက်များ၊ ရေဆိုးစွန့်ထုတ်မှုပိုက်များ၊ ရေဆိုးပြုပြင်သန့်စင်သည့်စနစ်၊ မိုးရေသိုလှောင်ကန်နှင့် ရေဆိုးစုစည်း သည့်ကန်များ၊ ကားရေဆေးခုံနှင့် ပန့်များတပ်ဆင်ခြင်းနှင့်  ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်