Skip to main content

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် ဆန်နှင့်ဂျုံတို့ကို သိုလှောင်ရုံများအတွင်း စနစ်တကျထားရှိ၍ ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်

နေပြည်တော် ဧပြီ ၂၁

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသည့် ဆန်နှင့် ဂျုံတို့ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်ရှိ သိုလှောင်ရုံများအတွင်း၌ စနစ်တကျထားရှိ၍ ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်