Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ   ၂၀

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက် ရှိရာ ဧပြီ ၁၉ ရက်တွင်  ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ်  အကောက်ခွန် ဦးစီးဌာနမှူးရုံးက ဦးဆောင်သည့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရား ဝင် စာရွက်စာတမ်း  အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့်  လူသုံးကုန်၊ စားသောက်ကုန်နှင့်   အလှကုန် ပစ္စည်းများ  ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၀၀၀၀၀ နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hino   Ranger အမျိုးအစား ကုန်တင် ယာဉ်တစ်စီး  ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၁၉၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  ဥပဒေနှင့်အညီ အရေးယူ  ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ် မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တိုင်းဒေသကြီး သစ်တောဦးစီးဌာန   ဦးဆောင် သော  ပူးပေါင်း စစ် ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင်နှင့်    သာယာဝတီခရိုင်    သစ်တောကြိုးဝိုင်း များအတွင်းတရားမဝင် ကျွန်းသစ် နှင့် သစ်မာ ၂၄ ဒသမ ၈၈၅၂  တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၂၅၄၆၀ ကို   ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ   အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ   ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှု ဖြင့်   ကော့ကရိတ်(တံတားကျိုး)စုပေါင်း      စစ်ဆေးရေးစခန်း၌ တာဝန်ကျ    စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ပေါ်တွင်တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆေးဝါးနှင့်အချိုရည်များ ခန့်မှန်း တန်ဖိုးငွေကျပ် ၇၇၃၈၃၀၀၀ နှင့် အဆိုပါပစ္စည်းများ   တင်ဆောင်လာသည့်    မှန်လုံယာဉ်တစ်စီး  ခန့်မှန်းတန်ဖိုး     ငွေကျပ် ၇၅၀၀၀၀၀၀ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၂၃၈၃၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် ဥပဒေနှင့်အညီ   အရေးယူဆောင် ရွက်လျက်ရှိ သည်။

သို့ဖြစ်ပါ၍ ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစု ပေါင်းမှာ အမှုတွဲခုနစ်မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ်  ၁၇၈၀၀၈၄၆၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်