နေပြည်တော် မတ် ၁၂
နေပြည်တော်ကောင်စီနယ်မြေ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၅)မှ ဗိုလ်လောင်းများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်လေ့လာကြသည်။
ဦးစွာ လေ့လာရေးအဖွဲ့များအား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးတာဝန်ခံများက ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာ တော်ကြီးများ၏ဩဝါဒကိုခံယူ၍ ရုပ်ပွားတော်မြတ်ကြီး ထွင်းထု တည်ထားဆောင်ရွက်နေမှု၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော် ခြင်းနှင့် ကျောက်တုံးတော်ကြီးအား အပိုင်းအလိုက်စကျင်တောင်မှ နေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့ဖြင့် ပင့်ဆောင်ခဲ့မှု၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံပါ ပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု ၍ ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးပူဇော်မည့် အခြေအနေ၊ ဆင်းတုတော်ကြီး တည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှဘုရားဖူးလာ ပြည်သူများအဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ ဘုတ်တလုတ်ရေကန်၊ ရေပန်းများကို ရတနာပုံခေတ် လက်ရာများအတိုင်း စုံလင်စွာဖြင့် ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်း ဆောင်၌ ရှင်းလင်းပြသသည်။
ထို့နောက် လေ့လာရေးအဖွဲ့များက ရုပ်ပွားတော် တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ထည့်သွင်းတည်ဆောက်သွားမည့် သာသနိက အဆောက်အအုံ ပုံစံငယ်များကို လေ့လာ ကြည့်ရှုကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်