Skip to main content

မြမန္တလာစာပေပန်းခင်း စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေး နိုဝင်ဘာ ၂၂

မန္တလေးမြို့ နန်းရှေ့ရှိမြမန္တလာစာပေပန်းခင်း စာကြည့်တိုက်သို့ ရှားပါး  သုတ၊ ရသ စာအုပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီက အဆိုပါ စာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင်စာရေးဆရာများဖြစ်သည့် ဦးအောင်မြင့် (ပိတောက်ရိပ်တရားတော်ပြန့်ပွားရေး)၊ ဆရာမအေးအေးခိုင်(ပညာရေး)  ဆရာမ သင်းသင်း(မန္တလာ)၊ ဆရာမ ခင်ခင်ဝင်း(ပညာရေး) ဆရာစိုးဝင်း (ဆသရ) တို့က စာအုပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဆရာဦးအောင်မြင့် (ပိတောက်ရိပ်တရားတော်ပြန့်ပွားရေး)က စာအုပ် ကိုးအုပ်၊ ဆရာမ ခင်ခင်ဝင်း (ပညာရေး) က ကိုးအုပ်၊ ဆရာမ သင်းသင်း(မန္တလာ) ကခုနစ်အုပ်၊ ဆရာမ အေးအေးခိုင် (ပညာ ရေး)က အုပ် ၆၀၊ ဆရာစိုးဝင်း (ဆသရ)က ခုနစ်အုပ် စုစုပေါင်းသုတ၊ ရသစာအုပ် ၉၂ အုပ်ကိုလှူဒါန်းရာ စာကြည့်တိုက်မှူး ဒေါ်သိမ့်သိမ့်ထွေး၊ လက်ထောက်စာကြည့်တိုက်မှူး ဒေါ်ချောစုသိန်းအောင်တို့က လက်ခံယူပြီး (ဝဲပုံ) ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ခင်ခင်ဝင်း(ပညာရေး)