ရန်ကုန် အောက်တိုဘာ ၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်း အရုံး(ဗဟို)တို့ ပူးပေါင်းစီစဉ်၍ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး မှပညာရှင်များနှင့် မိသားစုဝင်များကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း (မူလွန်)၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီး ပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ် များကို ပြောကြားဆောင်ရွက် ပေးကြပြီး မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံးမှ ပန်းချီပန်းပု ပညာရှင် သက်ကြီးရွယ်အိုများ၊ တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များနှင့် မိသားစုဝင် ၈၆ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးမှ ပန်းချီပန်းပုပညာ ရှင် သက်ကြီးရွယ်အိုများနှင့် တာဝန် ထမ်းဆောင်ဆဲ အဖွဲ့ဝင် များအား ကိုဗစ်-၁၉ ကာကွယ် ဆေးကို (ပထမအကြိမ်) ထိုးနှံ ပေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက် တွင် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်
