Skip to main content

ရွေးကောက်ပွဲစနစ်များထဲမှ မြန်မာနိုင်ငံနှင့်သင့်လျော်သည့် စနစ်ဖြစ်သည့် အချိုးကျကိုယ်စားပြု စနစ် (PR)အသုံးပြုနိုင်ရေးဆွေးနွေးရာတွင် ပါတီအများစုက မူအားဖြင့် သဘောတူညီပြီးဖြစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဖြစ်စဉ်အမှန် ဆက်လက်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖြစ်ခဲ့သည့် စမ်းချောင်း၊ မြေနီကုန်းဖြစ်စဉ်ကို ပြောမည်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အချို့ပြည်ဖျက်မီဒီယာများ အနေဖြင့်ဆေးကုသပေးနေသည့်၊ ပရဟိတဆောင်ရွက်နေသည့် ဆရာဝန်နှင့် သူနာပြုဆရာမ တစ်ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက အကြောင်းမဲ့ပစ်ခတ်ထိန်းသိမ်းသည့် ပုံစံမျိုးရေးသား ခဲ့ကြောင်း၊ဖြစ်စဉ်အမှန်မှာ စမ်းချောင်း၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ ပြည်လမ်း (တိုက်အမှတ်-၂၇၃၊ ဒုတိယထပ်(ဘယ်) အခန်းကို အကြမ်းဖက်လက်နက်ကိုင်များ ရောက်ရှိ နေသည့်သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ဝင်ရောက်ရှာဖွေစဉ်တွင် အထဲမှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ဆက်လက်ပြီး တရားခံ ဇင်လင်း (ခေါ်) ကြွယ်ကြီးက ပစ္စတို နှစ်လက်၊ တရားခံ ခင်ခင်ကြွယ် (ခေါ်) ခင်လေးက ပစ္စတိုတစ်လက်ကိုင်ပြီး လှေကားအတိုင်းပြေးဆင်း လာရင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ကြောင်း၊ ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ တရားခံ နှစ်ဦးလုံးကို အသေဖမ်းဆီးရမိခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက အခန်းအတွင်း ဆက်လက် ရှင်းလင်းသည့်အခါတရားခံကျော်ကြီးနှင့် ဝက်ကြီး တို့နှစ်ဦးကို ဆက်လက်ပြီး အသေဖမ်းဆီးရမိခဲ့ပါ

ကြောင်း၊ ၎င်းတို့နှင့်အတူ Glock ပစ္စတိုသုံးလက်၊ လက်ပစ်ဗုံး တစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရသလို အချို့ လည်း ဒဏ်ရာရခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများသည် စမ်းချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် မြေနီကုန်း မီးပွိုင့်တွင်ရှိသည့် CCTV နှင့် တံတားဖြူမှတ်တိုင်အနီးက ခုံးကျော်တံတားတို့ကို ဖောက်ခွဲမှုပြုလုပ် ခဲ့သူများသာဖြစ်ကြောင်း၊ ၎င်းတို့အထဲက ဇင်လင်း(ခေါ်) ကြွယ်ကြီးသည် ဆရာဝန် တစ်ယောက်ဖြစ်ကြောင်း၊ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေးတစ်ယောက် ရှိကြောင်း၊ တရားခံ ခင်ခင်ကြွယ် (ခေါ်) ခင်လေးသည် သူနာပြုဆရာမတစ်ဦးဖြစ်ကြောင်း၊ စစ်ဆေး ချက်အရ ၎င်းတို့နှစ်ဦးမှာ အတူနေထိုင်ကြသူများ ဖြစ်ပြီး လူမှုရေးဖောက်ပြန်နေသူများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ တရားခံ ဇင်လင်း(ခေါ်) ကြွယ်ကြီး မှာ ၎င်း၏ဇနီးဟောင်းရှိပါကြောင်း၊ မနေ့ကနှင့် ယနေ့မှာပဲ၎င်း၏ဇနီးကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့် သတင်း

တွေ့ရှိခဲ့ကြောင်း၊ ယင်းကိစ္စမှန်ကန်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းအမျိုးသမီးနှင့်ပတ်သက်ပြီး စစ်ဆေးမှုများရှိကြောင်း၊ ၎င်းအမျိုးသမီးသည် ထိုသူနှင့် အဆက်အသွယ်မရှိသည်မှာကြာပြီ ဖြစ်ကြောင်း၊ ၎င်းအမျိုးသမီးကို လုံခြုံရေးလိုအပ်ချက်အရ စစ်ဆေးနေခြင်းဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်း ထားခြင်းမဟုတ်ကြောင်း၊ လုံခြုံရေးအရ စစ်ဆေး ပြီးသည့်အချိန် တရားဥပဒေအရ ပြန်လည် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းအမျိုးသမီး အနေဖြင့် ကြီးကြီးမားမားပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသည်ကို တွေ့ရကြောင်း၊ ၎င်းတို့၏ဖြစ်စဉ် အသေးစိတ်ကို Board မှာ ပြသထားကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးရာဇဝင်များ၊ ထွက်ဆိုချက်များ၊ ၎င်းတို့၏လုပ်ဆောင်ချက်များကို အသေးစိတ် မေးမြန်းနိုင်ကြောင်း ပြောကြားသည်။

 

နောက်တစ်ချက်မှာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငရုတ်ကောင်းမြို့များ၌ PDF အမည်ခံ အကြမ်းဖက်များနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းမိခဲ့သည့် အခြေအနေကိုပြောမည်ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့ က ပန်းတနော် အင်းမကျေးရွာ၌ PDF အကြမ်းဖက်  သုံးဦးကို စတင်ပြီးဖမ်းမိခဲ့ကြောင်း၊ ဆက်စပ်တရားခံ များကို စစ်ဆေးခြင်း၊ ဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ ပစ္စတို  သုံးလက်၊ တူမီး ၇၁ လက်၊ လက်လုပ်သေနတ် ငါးလက် စုစုပေါင်း ၇၉ လက်၊ ကျည် ၅၀၀ တောင့်ခန့်၊ မိုင်း ၆၇ လုံး၊ စကားပြောစက်များနှင့် လျှပ်စစ်ဒီတို နေတာ ၉၀၊ အကြမ်းဖက်သမား ၂၉ ဦး ဖမ်းမိခဲ့ကြောင်း၊ ထိုအဖွဲ့များသည် မတ်လက ပိတောက်ပင်  ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ခဲ့ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ကန်ကြီးထောင့် အမှတ်(၁) ရပ်ကွက်မှ ဦးမောင်မြင့်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့  သည့် တရားခံများဖြစ်ကြောင်း၊ ၎င်းတို့၏ဖြစ်စဉ်နှင့်ဖမ်းဆီးရမိခဲ့သည့် လက်နက်များကို Board တွင် ပြထားကြောင်း ပြောကြားသည်။

 

ဆက်စပ်ရှာဖွေဖော်ထုတ် ယခုလ၂၅ ရက်နေ့တွင် မန္တလေး ချမ်းမြသာစည် မြို့နယ် မြို့သစ်(၁) ရပ်ကွက် GS ကားရေဆေးဆီလိုက်ဆိုင်က လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်စပ်ရှာဖွေဖော်ထုတ်သည့်အခါ စဉ့်ကိုင်မြို့နယ် အင်းမကျေးရွာရှိ ဇော်ကြီးနေသည့် နေအိမ်က လက်နက်၊ ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ မောင်းပြန်ရိုင်ဖယ်များအပါအဝင် စုစုပေါင်း သေနတ် ကိုးလက်၊ လက်ပစ်ဗုံး ၂၄ လုံး၊ ကျည် ၁၂၀၀ တောင့် ခန့်၊ မိုင်းသုံးလုံး၊ ယမ်းနှင့် ယမ်းကြိုးခွေများနှင့်အတူ တရားခံရှစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း၊ ထိုထဲတွင် ယခုမီဒီယာများ ဝါဒဖြန့်နေသည့် သန်းထွန်းဦး (ခေါ်) အသေးလေး ပါဝင်ကြောင်း ပြောကြားသည်။

နောက်တစ်ချက်မှာ စက်တင်ဘာလ ၁၈ ရက်နေ့ က ကမာရွတ်မြို့နယ် ၃ ရပ်ကွက် လှည်းတန်း (၆) လမ်းထိပ်ရှိ King လက်ဖက်ရည်ဆိုင်အနီး၌ အပြစ်မဲ့ ပြည်သူ ဦးသာဆန်းကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ဇူလိုင်လထဲ တွင် ကမာရွတ်(၈)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၊ EPC ရုံး ဆင်မလိုက်မီးပွိုင့်နှင့် လှည်းတန်း အထက (၅) ရှေ့၌ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သူများဖြစ်ကြောင်း၊ တရားခံခုနစ်ဦး၊ သေနတ်လေးလက်၊ ကျည် ၅၄တောင့်၊ စကားပြောစက်၊ ဒီတိုနေတာနှင့် ဖောက်ခွဲ ဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ် လေးခုလုံးကို Board ၌ ပြသထားပြီး အသေးစိတ်လေ့လာနိုင်ကြောင်း ပြောကြားသည်။

 

ဝေဖန်မှုများအများအပြားရှိ ထူးဆန်းမှုတစ်ခုမှာ Air KBZ လေယာဉ်ဖြစ်စဉ် ဖြစ်ကြောင်း၊ မိမိ၏မကျေနပ်ချက်ကို အရင်းတည်ပြီး လူအများသေကျေ ပျက်စီးအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ခိုင်းစေသည်ကို BE ဘွဲ့ရ အင်ဂျင်နီယာတစ်ယောက်က လိုက်လုပ်ခြင်းမှာ မယုံနိုင်စရာဖြစ်ကြောင်း၊ ယင်း သတင်းတွေ့ရှိချက် အမှန်အတိုင်းထုတ်ပြန်စဉ်က ဝေဖန်မှုများ၊ လုပ်ကြံသတင်းဟုဆိုပြီး ပြောသူအများ အပြားရှိကြောင်း၊ ယင်းနောက် ထိုအင်ဂျင်နီယာ၏ ကိုယ်တိုင်ပြောဆိုချက် ဦးသိန်းလင်းထိုက်ဗီဒီယိုဖိုင်ကို ပြသသည်။ ဆက်လက်၍ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လေယာဉ်ပျက်ကျစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထိုဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး မီဒီယာ များကို ပေးလိုက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နီပိန်း၊ နီပိန်းဟု ခေါ်ဝေါ်သုံးနှုန်း နေကြမှုများရှိကြောင်း၊ ယင်းအခေါ်အဝေါ် အသုံး အနှုန်းကို မိမိအနေဖြင့် မည်သည့်အခါမှမသုံးစွဲခဲ့ကြောင်း၊ ယခုတော့ ပြောရတော့မည်ဖြစ်ကြောင်း၊ နီပိန်းတင်မက၊ ပိတ်ပါပိတ်နေသည့် “နီပိတ် များ ဖြစ်နေကြကြောင်း၊ ကောသလမင်းကြီးအိပ်မက် ၁၆ချက်ထဲက အချက်တစ်ချက်ကို ပြထားပါကြောင်း၊ “နှောင်းသောကာလမှာ အနှစ်မရှိ သူယုတ်တို့၏ စကားကိုသာလူအများနှစ်သက်၍ လက်ခံအတည်ပြု ကြလိမ့်မည်”၊ “ရိုင်းရိုင်းစိုင်းစိုင်း၊ ရှုပ်ရှုပ်ယှက်ယှက်၊ ဘုတ်ဘုတ်ဘက်ဘက်” ဆိုသည့်အသုံးအနှုန်းများနှင့် “ဘာသာတရားကို စော်ကား၊ သံဃာတော်များကို စော်ကား၊ လူကြီးမိဘများကိုစော်ကားနေသူများ၏ ပြောဆိုမှုများ၊ မှိုင်းတိုက်မှုများအောက် ဘယ်သူတွေရှိနေကြသလဲ၊ ဘယ်သူတွေ တရားနာနေကြသလဲဆိုသည်ကို စဉ်းစားဆင်ခြင်ကြရန် ပြောလိုကြောင်း၊ ယင်း “ဘုတ်ဘုတ်ဘက်ဘက် တရားများကို နာနေသမျှ တစ်ဦးချင်း၏ဘဝ၊ နိုင်ငံတော်၏အနာဂတ်မှာ “ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေကြဦးမှာ ဖြစ်ကြောင်း၊ အားလုံးကိုကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး UEC မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ဆက်လက် ရှင်းလင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

ထုတ်ပြန်ခဲ့ပြီးဖြစ် ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်ခဲ့ မှုအခြေအနေ အကျဉ်းနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရနိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ ခဲ့ပြီး ပုဒ်မ ၄၁၈ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများ  ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်  ကြောင်း၊ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကို ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် ၁၄ ဦး ပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင် စာရင်း ၃၈၂၇၁၄၄၇ (သုံးဆယ့် ရှစ်သန်း နှစ်သိန်း ခုနစ်သောင်းတစ်ထောင်လေးရာ လေးဆယ့်ခုနစ်) ကို စိစစ်သည့်အခါ မဲမသမာမှုပြုနိုင်သည့်မဲဆန္ဒရှင် ပေါင်း ၁၁၃၀၅၃၉၀ (ဆယ့်တစ်သန်း သုံးသိန်း ငါးထောင် သုံးရာ့ကိုးဆယ်) စစ်ဆေးတွေ့ရှိရပြီး မဲဆန္ဒရှင်ပေါင်း၏ ၂၉ဒသမ၅၄ရာခိုင်နှုန်းဖြစ်သည် ကို တွေ့ရှိရပါကြောင်း၊ ရွေးကောက်ပွဲတွင် အသုံး ပြုခဲ့သည့် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်များ

ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စာရင်း  ကွာခြားချက်အနေဖြင့် ကျန်ရမည့်အရေအတွက်ထက် လျော့နည်းသည့်မဲလက်မှတ်အရေအတွက် ၁၄၂၄၃၉၁ (တစ်သန်း လေးသိန်း နှစ်သောင်း လေးထောင် သုံးရာကိုးဆယ့်တစ်)နှင့် အပိုတွေ့ရ သည့် မဲလက်မှတ်အရေအတွက် ၄၃၈၈၅၀ (လေး သိန်း သုံးသောင်း ရှစ်ထောင် ရှစ်ရာ့ငါးဆယ်) ဖြစ်ကြောင်းတွေ့ရပြီး ၎င်းတို့သည် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ မဲမသမာမှုများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိရ ပါကြောင်း၊ ထိုသို့ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် ဆန္ဒမဲ လက်မှတ်များ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များကို မြို့နယ်တစ်ခု  ချင်းစီအလိုက်၊ မဲရုံအလိုက် အသေးစိတ်စာရင်း ဇယားများ နှင့်အတူ နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင် သံကြားအစီအစဉ်များက ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။

ကြိုတင်ကြံစည်

အလားတူတိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာရင်းချုပ်များ၊ တစ်နိုင်ငံလုံး၏ စာရင်းချုပ်များ ကိုလည်း စုစည်းပြီး ထပ်ဆင့်ထုတ်ပြန်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိရသည့် ရွေးကောက်ပွဲဥပဒေ၊ နည်း ဥပဒေများနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်ချက် များကိုလည်း မှတ်တမ်းဓာတ်ပုံအပါအဝင် သက်သေ အထောက်အထားအပြည့်အစုံနှင့် ထည့်သွင်း ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းကို အားလုံးအသိဖြစ်ကြောင်း၊ ကျင်းပပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲ များတွင်လည်း အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် အထက်ဖော်ပြပါစစ်ဆေးတွေ့ရှိချက်များ အပေါ် လွှမ်းခြုံသုံးသပ်ချက်အရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ခြင်းကို တွေ့ရသည့် အပြင် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် အုပ်ချုပ်ရေး အာဏာနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးဆိုင်ရာကန့်သတ်ချက်များကို အလွဲသုံးပြီး နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်း၊ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် တရားဝင်အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို အလွဲကာ ဥပဒေ၊ နည်ဥပဒေများကို ကျေဝ်လွန်ဆောက်လျက် လုပ်ခေါ်ခဲ့ခြင်များကို စိစစ်တွေ့ရှိ ရသည့်အတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကော်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကာ ၂၀၂၁ ခုနှစ်ဩဂုတ်လ၂၆ ရက်နေ့တွင် ကြေညာချက် အမှတ်(၂၀၁)ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ကြောင်း။

မူအားဖြင့် သဘောတူညီပြီးဖြစ်

အဆိုပါလုပ်ငန်းများကို ထင်ရွက်နေချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ စနစ်များထဲမှ မြန်မာနိုင်ငံနှင့် သင့်​လျော်သည့်စနစ် ဖြစ်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) အသုံး ပြုနိုင်ရေးဆွေးနွေးရာတွင် ပါတီအစုကမူ ဖြင့် သဘောတူပြီးဖြစ်ကြောင်း၊က်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလတူ ယခင် က ကျင်းပပြီးစီးသည့် ရွေးကောက်ပွဲများတွင် ဖြစ်ပေါ်ကြုံတွေ့ရသည့် ချို့ယွင်းအားနည်းချက် များကို စိစစ်သုံးသပ်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေး သုံးသပ်သင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ခြင်း၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်းနှင့် လေ့ကျင့်သင်တန်း ပေးခြင်းများကို တစ်ချိန်တည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆက်လက်ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်စဉ်ကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်  တည်ဆဲ နိုင်ငံရေးပါတီများ၏ ရင်များအား စစ်သင်ရွက်နေသည့် အခြေအနေကို ဦးစွာတင်ပြလိုကြောင်း။

နိုင်ငံရေးပါတီ

နိုင်ငံရေးပါတီဆိုသည်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေး​ဝါဒသဘောတရားတစ်ရပ်ပေါ်တွင် အခြေပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ပေါင်ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရတည်ထောင်ခွင့်ပြုထား သောအဖွဲ့အစည်းပြတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း၊ နိုင်ငံရေး ပါတီတစ်ခုသည် မှတ်ပုံတင်ခွင့်ပြုပြီးနောက် အနည်းဆုံးပါတီဝင်အရေအတွက်ကို သတ်မှတ် ကာလအတွင်းမှာ စည်းရုံးရကြောင်း၊ ပါတီဝင် အင်အား အတိုး၊ အလျော့၊ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဖွဲ့စည်းမှုနှင့် ပါတီရုံးများ တိုးချဲ့ဖွင့်လှစ်ခြင်း ပိတ်သိမ်းခြင်ရှိလျှင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာရင်းဇယားအချက်အလက်များ ပေးပို့ရကြောင်း၊ နိုင်ငံရေး ပါတီတစ်ခု၏ ပါတီပိုင်ပစ္စည်း ထိန်းသိမ်းခြင်း နှင့် စာရင်းများ စနစ်တကျပြုစုခြင်းကို သက်ဆိုင်ရပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ သို့မဟုတ်အတွင်းမှူးတာဝန်ဆောင်ရွက်ပါကြောင်း၊ အလာတူ ပါတီတစ်ခုသည် မိမိ၏ နှစ်စဉ်ငွစာရင်းရှင်းတမ်းကိုဘဏ္ဍာနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းနှင့်ပတ်သက်ပြီး နှစ်ချုပ်စာရင်းပြုစုခြင်း၊ စာရင်းစစ်ကော်မတီထား၍ စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနှင့်အညီ အတည်ပြုခြင်းတို့ကို နှစ်စဉ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး သုံးလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း။

နိုင်ငံရေးပါတီ ၉၃ ပါတီရှိ

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများကို ကြီးကြပ်ရန်တာဝန်ရှိကြောင်း ပါတီတစ်ခု၏စာရင်းများကို အစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကူအညီရယူပြီး စစ်ဆေးနိုင်သည်ကို ပြဌာန်းထားရှိကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စာရင်းစစ်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းစာရင်းစစ်ဆေးရေးအဖွဲ့များသည်

ဩဂုတ်လ စတုတ္ထပတ်မှစပြီး နိုင်ငံရေးပါတီများ ၏စာရင်းကို စတင်စစ်ဆေးလျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၃ ပါတီ ရှိပါကြောင်း၊ ထိုပါတီများအနက် စာရင်းစစ်ဆေးပြီးသည့်ပါတီအနေဖြင့် ပြည်ထောင်စုနယ်မြေ အခြေစိုက်လေးပါတီ၊ မန္တလေးတိုင်းဒေသကြီး အခြေစိုက်နှစ်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက် နှစ်ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ငါးပါတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုက် ပါတီဖြစ်သည့်အတွက် စုစုပေါင်း ၁၃ ပါတီ စစ်ဆေးပြီးဖြစ်ကြောင်း၊ ကျန်ရှိ သည့်ပါတီများစစ်ဆေးရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် လွတ်လပ်၍ တရားမျှသော ရွေးကောက်ပွဲဖြစ်စေရန်နှင့် နိုင်ငံရေးပါတီများကို ကြီးကြပ်ရာတွင် ဥပဒေနှင့်အညီ ဖြစ်စေရန်အတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ၄ ဦးနှင့် ကော်မရှင်ရုံးညွှန်ကြား ရေးမှူးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြီးကြပ်ကွပ်ကဲရန် တာဝန်ခွဲဝေပေးအပ်ပြီး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့်  ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ် (၁)ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာ၌ ဆက်လက် ဆောင်ရွက်ရန်ကျန်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းစဉ်(၅)ဖြစ်သည့် ရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

(ဆက်လက်ဖော်ပြပါမည်)