Skip to main content

နိုင်ငံခြားသွားရောက်မည့် ပညာတော်သင်များ လမ်းညွှန်မှုခံယူခြင်း အခမ်းအနားကျင်းပ”

နေပြည်တော် စက်တင်ဘာ ၁၃

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဂျပန်နိုင်ငံရှိ ကျူရှူးတက္ကသိုလ်၊ ကိုဘေး တက္ကသိုလ်နှင့် နာဂိုရာတက္ကသိုလ်များသို့ ပညာသင် သွားရောက်မည့် ဥပဒေအရာရှိများအား Online စနစ်ဖြင့် လမ်းညွှန်အမှာစကား ပြောကြား သည်။

ပညာသင်များသည် ၂၀၁၉ ခုနှစ်မှ စတင်၍ ဂျပန်နိုင်ငံ၏ The Project for Human Resource Development Schholarship(JDS) ပညာသင်ဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးစီးအရာရှိ(၁)ဦးနှင့် ဒုတိယဦးစီးအရာရှိ (၃)ဦး စုစုပေါင်း (၄)ဦး ဂျပန်နိုင်ငံသို့ ပညာဆက်လက်သင်ယူရန်နှင့် သုတေသန စာတမ်းပြုစုရန် သွားရောက် ကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)