မြင်းခြံ စက်တင်ဘာ ၁၂
မြင်းခြံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်းငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးချဲ့ လုပ်ကိုင်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသအတွင်း ငါးရိက္ခာများ ပိုမို စားသုံးနိုင်စေရေးတို့အတွက် မြင်းခြံမြို့နယ် ထနောင်းကုန်းရွာရှိ ဒေါင်းအင်းရှင်ဒေါင်းမအင်းတွင် အခြေခံငါးမွေးမြူရေးနှင့်ဆေးထိုးသား ဖောက်သင် န်း ကိုစက်တင်ဘာ ၁၁ ရက် မှ ၁၂ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းတင်က ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် ငါးသယံဇာတထိန်းသိမ်း ရေးလုပ်ငန်းများ၊ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စပယ်လှိုင်ကငါး မွေးမြူရေးနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များ နှင့် ပတ်သက်၍လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဒေါ်တည်ငြိမ်အေးက တားမြစ်ထားသည့် ငါးဖမ်းကိရိယာများ အကြောင်း၊ သဘာဝသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ ရောင်းဝယ်ခြင်း၊ သားဖောက် မွေးမြူခြင်း၊ သယ်ယူပို့ဆောင် ခြင်း မပြုလုပ်ရန် တားမြစ်ထားခြင်းစသည်တို့ကို ဟောပြောပို့ချပြီး ရေလုပ်သားများကလည်း သိလို သည်များ ပြန်လည်ဆွေးနွေးခြင်း များကို ဆောင်ရွက်သည်။သင်တန်း သို့ ရေလုပ်သား ၂၀ တက်ရောက် ကြောင်း သိရသည်။
သတင်းစဉ်