နေပြည်တော် စက်တင်ဘာ ၁၂
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ နယ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၁၂ ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီသုံးခုမှ Omparine E Injection ၂၀၀၀၀၊ Vinoxarin Injection ၁၀၀၇၆ ခု၊ Paracetamol Tablet ၁၀၀၀၊ CPM-D Syrup ၄၇၀၀၊ Dexamethasone Tablet ၁၀၀၀၊ Dzinc Tablet ၂၀၀၀ Enoxaparin Sodium Injection ၁၀၀၈ ခု နယ်စပ် (ချင်းရွှေဟော်၊ မြဝတီ) တွင် ကုမ္ပဏီခြောက်ခုတို့မှ Oxygen Cylinder ၁၂၇ ခု၊ Mask ၆၇၂၉၅ Kg ၊ Liquid Oxygen ၁၅၄၆၉ M3 Flow Meter ၇၀၀၊ PPE ၁၆၀၀၊ Oxygen Plant သုံးခု၊ Glucose Injection ၃၀၄၈၀ kg ၊ Dead Body Bag ၁၄၀၀ Kg ၊ Face Shield ၉၀ kg, Filling Pump ၄ ခု Viporizer ၃ ခု Filling Station ၅ခု Trolley ၂၅ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ။
သတင်းစဉ်