နေပြည်တော် စက်တင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးအား ဂျပန်နိုင်ငံ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ H.E. WATANABE Hideo နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံသည်။
ခင်မင်ရင်းနှီးစွာ ဆွေးနွေး
တွေ့ဆုံစဉ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် မြန်မာ- ဂျပန်ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးနှင့် အရည်အသွေးမြင့် စိုက်ပျိုးမွေးမြူရေးထွက် ကုန်များထုတ်လုပ်ရေးနှင့် ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း ၊ သိရသည်။
သတင်းစဉ်