နေပြည်တော် စက်တင်ဘာ ၁၂
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြတ်ကျော်ကာလအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍ၏ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားထုတ်ကြိုးပမ်းလျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ (၁၁)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးရှိ ပုဂ္ဂလိကသားသတ်ရုံများ၊ စည်ပင်သာယာရေးကော်မတီပိုင် သားသတ်ရုံများနှင့် ပုဂ္ဂလိကငါးလုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းခွင်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်ကုန်သွယ်ခြင်း၊ အသားထုတ် လုပ်ခြင်း၊ ရောင်းချခြင်းစသည့် အသားထုတ်လုပ်မှု လုပ်ငန်းစဉ်တလျှောက်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ကွင်းဆက် တစ်လျှောက်တွင် သတ်မှတ်စံချိန်စံညွှန်းများ၊ စည်းကမ်းချက်များကို အသားကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က တိကျစွာ လိုက်နာကျင့်သုံး ရန်လိုအပ်ချက်များနှင့် စားသုံးသူဘေးကင်းလုံခြုံရေး၊ အာဟာရပြည့်ဝဖူလုံရေးဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ ကြောင်းသိရသည်။
(သတင်းစဉ်)