Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရာထူးတိုးအရည်အချင်းစစ် စာမေးပွဲ လာရောက် ဖြေဆိုကြသည့် အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၈

ဒုတိယဦးစီးမှူးရာထူးအဆင့်မှ ဦးစီးအရာရှိရာထူးအဆင့်သို့ တိုးမြှင့်ပေးနိုင်ရေး အရည်အချင်း စစ် စာမေးပွဲလာရောက်ဖြေဆိုကြသည့် အမှုထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည့် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေး ရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတာဝန်ကျရာဒေသများတွင် တိုင်းရင်းသားများ၏ အရေးကို အစွမ်းကုန်ကြိုးစားစေလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၉) ရပ်တွင်ပါရှိသော လူမှုရေးဦးတည်ချက်တွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့်အချက်ကို ဦးစားပေးဆောင်ရွက်ရန် ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားများ၊ ပြည်သူပြည်သားများ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ကြီးဌာန၏ လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့၏တာဝန်များကို စေတနာထား၍ ကြိုးစားဆောင်ရွက်ကြရန်နှင့် တာဝန်ယူမှု တာဝန်ခံမှု၊ တန်းတူညီမျှရှိမှု၊ ပွင့်လင်းမြင်သာရှိမှုတို့ဖြင့် ဆောင်ရွက်ရန်လိုအပ် ကြောင်း ပြောကြားသည်။

သတင်းစဉ်