ရန်ကုန် ဇွန် ၁၈
စစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ တစ်ဖက်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအားတားဆီး၊ ထိန်းချုပ်နိုင်စေရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဌာနခွဲဝန်ထမ်းများသည် ဇွန် ၁၅ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် ညောင်လေးပင်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် 2K/9912 (YGN) MITSUBISHI FUSO (12W) ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ တရားဝင် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Heineken Beer (33 Clx18 Cans) (2000 pkgs) ၊ Heineken Beer (33 Cl x 12 Cans) (600 pkgs) စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် (၅၁,၈၄၀,၀၀၀/-) အားလည်းကောင်း၊ အဆိုပါနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ဒိုက်ဦးမှ မန္တလေးသို့ မောင်းနှင်လာသော ယာဉ်အမှတ် 5N/6954 (YGN) (Scania) (22W) ယာဉ်အား စစ်ဆေးခဲ့ရာ တရားဝင်အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Singha Beer (330 ml x 24 Cans) (350 pkgs)၊ Heineken Beer (33 Cl x 18 Cans) (1150 pkgs)၊ M-150 Energy Drink (150 ml x 5 x 10 btls ) (970 pkgs) နှင့် SPY Wine Cooler (275 ml x 24 btls) (450 pkgs)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် (၆၉,၄၄၀,၀၀၀/-) အား စစ်ဆေးတွေ့ရှိသည့်အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ တားဆီးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)