Skip to main content

အာဆီယံပူးတွဲညှိနှိုင်းမှု အစည်းအဝေး ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ

နေပြည်တော် ဇွန် ၁၇ အာဆီယံပူးတွဲညှိနှိုင်းမှု အစည်းအဝေး(Joint Consultative Meeting) ကို ယနေ့မွန်းလွဲ၁ နာရီ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ ရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပါဝင်တက် ရောက်ဆွေးနွေးသည်။ အစည်းအဝေး၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Her Excellency Emaleen ABD Rahman Teo က အစည်းအဝေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ အာဆီယံ အဆင့်မြင့် အရာရှိကြီးများ၊အာဆီယံ စီးပွားရေးအသိုက်အဝန်းမှ အဆင့်မြင့်အရာရှိကြီး များ၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူး ချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြ သည်။ အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်၊ အာဆီယံ၏ ဦးစားပေး လုပ်ငန်းစဉ်များဖြစ်သည့် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်နှင့် အာဆီယံ အသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ ကာလလယ် သုံးသပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ တုံ့ပြန်တိုက်ဖျက် ရေးအတွက်အာဆီယံ၏ ဦးစားပေး လုပ်ငန်းစဉ်များကိစ္စ၊ ကဏ္ဍအလိုက် မဏ္ဍိုင်အလိုက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် အကောင်အထည်ဖော်ရေးကိစ္စ၊ အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ဆိုင်ရာ ကိစ္စ၊ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကုလ သမဂ္ဂ ၂၀၃၀ အစီအစဉ်တို့အကြား ပေါင်းစပ်ညှိနှိုင်းမှု မြှင့်တင်ရေး ဆိုင်ရာကိစ္စနှင့် ဒေသခွဲပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ဝါဝါမောင်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးအောင် မြင့်တို့သည် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်