Skip to main content

နေပြည်တော်တွင် ပညာရေးဝန်ကြီးဌာန၏ အသုံးချဘာသာရပ်ပေါင်းစုံ သင်ယူလေ့လာနိုင်သော တက္ကသိုလ် တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဇွန် ၁၇

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပညာရေးဝန်ကြီးဌာန၏ အသုံးချဘာသာရပ်ပေါင်းစုံ သင်ယူလေ့လာနိုင်သော တက္ကသိုလ် တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်နှင့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စတင်တည်ဆောက်သွားမည်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ နေပြည်တော်ကို အဆင့်မြင့် ပညာရေး မြို့တော်ဖြစ်အောင် တည်ဆောက် မည်ဖြစ်ရာ ပညာရေးဝန်ကြီးဌာန အနေဖြင့် အသုံးချဘာသာရပ် ပေါင်းစုံ သင်ယူ လေ့လာနိုင်သော တက္ကသိုလ် (Comprehensive University) စတင်တည်ဆောက် သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံ တကာအဆင့်မီ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် သုတေသန အဆောက်အအုံများ၊ စာကြည့် တိုက်၊ စာဖတ်ခန်းမ၊ အပန်းဖြေ ရိပ်သာ၊ အားကစားခန်းမ၊ ဆွေးနွေးပွဲခန်းမနှင့် လှပသော မြေယာရှုခင်းများ ပါဝင်မည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်း ကျောင်း ပညာဒီပလိုမာ သင်တန်းများမှ သည် ဘွဲ့လွန်သင်တန်းများအထိ လည်းကောင်း၊ အသုံးချသုတေ သနမှသည် နိုင်ငံတကာဈေးကွက် ဝင် ထုတ်လုပ်မှုအထိ အခြေခံ ကွန်ပျူတာ စနစ်မှသည် မှတ်ဉာဏ်တု၊ Robotics နှင့် နောက်ဆုံးပေါ် အိုင်စီတီဆန်းသစ် တီထွင်မှုများအထိလည်းကောင်း ဦးတည်သင်ကြား လေ့ကျင့် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းဖြည့်စွက် အကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားသည်။

ဖြည့်စွက်ဆွေးနွေး ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Power Point ဖြင့် ရှင်းလင်းဆွေးနွေး သည်။ ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်