Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားမြှင့်တင်ရေး ဆွေးနွေး ပွဲကျင်းပ

 

 

နေပြည်တော် ဇွန် ၁၇

 

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအား ဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေ 69 (Knowledge Sharing Program-KSP) အစီအစဉ်အရ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေး ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ကျင်းပ သည်။

စစ်ချုပ်ရုံးသည် ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းနှင့် လိုက်နာဆောင်ရွက်မှု စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ထောင်စု စာရင်း စစ်ချုပ်၏ လုပ်ငန်းတာဝန်များ တွင်လည်း လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း ပါဝင်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းသည် အစိုးရဌာန အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင် ရွက်ချက်များသည် စီးပွားရေးတွက်ခြေကိုက်မှု/ ခြိုးခြံချွေတာမှု၊ စွမ်းဆောင်ရည် ပြည့်ဝမှု၊ ထိရောက်အောင်မြင်မှု ရှိ မရှိ တို့ကို စစ်ဆေးခြင်း ဖြစ်သဖြင့် ( အရေးကြီးကြောင်း၊ ယခုအခါ အများ လက်ခံကျင့်သုံးနေသည့် စာရင်းစံများနှင့်အညီ စစ်ဆေး ခြင်းမှ နိုင်ငံတကာ စာရင်းစစ်ချုပ် ရုံးများ လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာစံများကို ပြောင်းလဲ အသုံးပြု နေပြီဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမည့် လုပ်ငန်းဆောင်ရွက် မှု စစ်ဆေးရေးဆိုင်ရာ ဆွေးနွေး ချက်များကို သေချာစွာ လေ့လာ မှတ်သားပြီး လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်အောင် ကြိုးစားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ လုပ်ငန်းဆောင် ရွက်မှု စစ်ဆေးရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြဇင်နှင့် စစ်ဆေးရေးဌာနခွဲ-၃ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ် တို့က လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးရေးဆိုင်ရာများနှင့်စပ်လျဉ်း ၍ ဆွေးနွေးသည်။

တင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်းများ က အကြံပြုဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အကြံ ပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်