နေပြည်တော် ဇွန် ၁၇
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေ(မူကြမ်း) စိစစ်အကြံပြုခြင်းဆိုင်ရာ သင်တန်း အမှတ်စဉ် ၁/၂၀၂၁ ဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲ က ကျင်းပသည်။
အစဉ်တစိုက်ကြိုးပမ်း ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် မိမိရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)တွင် စီမံကိန်းရည်မှန်း ချက်များချမှတ်ပြီး ဥပဒေအရာရှိများ အရည်အသွေးမြင့်မားစေရန်နှင့် မိမိရုံးနှင့် ပေါင်းစပ် ဆောင်ရွက် လျက်ရှိသော ဥပဒေရေးရာ လုပ်ငန်းများတွင် ထိရောက်စွာ ဥပဒေအကြံဉာဏ် ပေးနိုင်ရန် အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် အရည်အသွေးပြည့်မီသော ဥပဒေပညာရှင်များ မွေးထုတ်ပေးရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းကို တက်ရောက်ခဲ့ကြသည့် ဥပဒေအရာရှိများအနေဖြင့် ဥပဒေတစ်ရပ်ကို ချဉ်းကပ် လေ့လာရာတွင် ဥပဒေ မူကြမ်းရေးဆွဲသူ (Draftsman) တစ်ဦး၏ ရှုထောင့် အမြင်ဖြင့် ပိုင်းခြားရှုမြင်ပြီး ဥပဒေတစ်ရပ်၏ အနှစ် သာရ ပြည့်စုံမှု၊ ရှေ့နောက်ညီညွတ်မှု၊ အစီအစဉ်ကျန
ပြေပြစ်မှု၊ အရေးအသားရှင်းလင်း ကျစ်လျစ်မှု၊ လက်တွေ့အကောင်အထည်ဖော်နိုင်မှုတို့ကို သတိပြု စိစစ်တတ်သည့် အလေ့အကျင့်ကောင်းများကို ဤသင်တန်းမှ ရရှိသွားမည်ဟု ယုံကြည်ပါကြောင်း၊ ဤသင်တန်းကရရှိသည့် အသိပညာ ဗဟုသုတ များကို အခြေခံပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံတော်အတွက် အားထားရသည့် ဥပဒေပညာရှင် များဖြစ်အောင် ဥပဒေမူကြမ်းရေးဆွဲခြင်း ပညာရပ် များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသွားကြပါရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်