Skip to main content

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ် ရေးအဖွဲ့ တွေ့ဆုံပွဲပြုလုပ်

နေပြည်တော်၊ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက အဖွင့်အမှာစကား ပြော ကြားသည်။

 

ထို့နောက် တိုင်းမှူးက ဘာသာရေးဆိုင်ရာများ ဆွေးနွေးပြောကြားပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်