နေပြည်တော် ဇွန် ၁၇
ပြန်ကြားရေးဝန်ကြီးဌာန၏စီစဉ်မှုဖြင့် အမှန်နှင့်အမှား၊ ဓမ္မနှင့် အဓမ္မ ပြည်သူတွေကွဲပြားကြဖို့ လိုပါပြီနှင့် အခြား ဆောင်းပါးများ ပါဝင်သည့် ဆောင်းပါးပေါင်းချုပ် စာအုပ်ထွက်ရှိလာသည်။ ။
ယင်းစာအုပ်တွင် ကနောင်၊ မင်းပြည့်စုံ၊ ဒေါင်၊ ဘမောင်တိုး၊ ကိုထွန်းခင်၊ နေခြည်သွေး၊ မောင်သောမန၊ စွန်ရဲ၊ ကိုလူလှ၊ မောင်ပြည် ချစ်၊ ညိုချော အစရှိသည့် ကလောင်စုံရေးဖွဲ့ထားသည့် ဆောင်းပါး ၉၂ ပုဒ်ပါဝင်သည်။ ။
ယင်းဆောင်းပါးပေါင်းချုပ်စာအုပ်တွင် ဆောင်းပါးရှင် မင်းပြည့်စုံ က “နောက်အစိုးရတက်လာမှ အလုပ် လုပ်မယ် ဆိုတဲ့ ရွှေပြည်တော် မျှော်သူတွေကို အချိန်တန်လို့ အများဆန္ဒနဲ့အညီ ရွေးကောက်တင် မြောက်တဲ့ အစိုးရ တစ်ရပ်ကရော ဘယ်လိုယူဆမယ်လို့ ထင်ပါသလဲ။ တက်လာတဲ့ အစိုးရတိုင်းကို မကြိုက်ဘူးဆိုပြီး ဝန်ထမ်း တွေက တစ်ခါပြန်ပြီး CDM လုပ်ကြမယ်ဆိုရင် အမယ်ဘုတ်နဲ့ သူ့ရဲ့ ချည်ငင်လို တိုးတက်ရာ တိုးတက် ကြောင်းမရှိဘဲ ဝန်ထမ်းတွေ ခံစားချက်ကို ရှေ့တန်းတင်နေကြတာနဲ့တင် တိုင်းပြည် ဘယ်လိုလုပ် မြင့်မားလာ ပါတော့မလဲ”ဟုမတူညီတာတွေကို နားလည်ပြီး အတူတူရှေ့ဆက်နိုင် မှ ဒီမိုကရေစီ ဆောင်းပါးဖြင့် ထောက်ပြ ထားသည်။
အလားတူဆောင်းပါးရှင်ဒေါင်က တစ်ဖက်ပိတ်ဝါဒီနှင့် (၂၁)ရာစု ဒေဝဒတ်လက်သစ်များ မဖြစ်စေလိုပါ ခေါင်းစဉ် ဖြင့် “ကလေးတွေကို လမ်းပေါ်ထွက်ခိုင်းပြီး ကိုယ်တိုင်တော့ ထောက်ပံ့ကြေးလေးထုတ် လိုက်၊ အဲယားကွန်း အေးအေး လေးနဲ့ အချိုရည်လေးစုပ်ပြီး ဝေဖန် လေကန်လိုက်နဲ့သူတွေက (၂၁)ရာစုရဲ့ ခေတ်သစ် ဒေဝဒတ် တွေပေါ့။ သူတို့က ပညာတတ်တွေသာဆိုတယ်။ သူတို့လုပ်ရပ်တွေက အတ္တ ကြီးကြီးနဲ့ တိုင်းပြည်နစ်မွန်းအောင် ဝန်ထမ်းတွေ အလုပ်မလာရဲအောင်၊ လူတွေလမ်းပေါ်ထွက်ပြီး အပြစ်ပေးအရေးယူခံကြရအောင် | လုပ်နေတာမို့ လူ့အတ္တသမားတွေလိုပေါ့ဗျာ”ဟု ကိုသံချောင်း၊မစာဥ တစ်ခန်းရပ်စကားပြောခန်း(၁၀) တွင် ရေးသား တင်ပြ ထားသည်။
ထို့ပြင် ဆောင်းပါးရှင် ကိုထွန်းခင်က မြင့်မြတ်တဲ့ စိတ်စေတနာ တွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နိုင်ကြပါစေ ဆောင်းပါးဖြင့် “မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်းအရေအတွက်က နိုင်ငံ လူဦးရေရဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေဆိုရင်လည်း ပြည်သူကချီးမြှင့်တဲ့ လစာကို ယူနေသူတွေဖြစ်တဲ့အတွက် ပြည်သူကို သစ္စာရှိရမှာဖြစ်ပါတယ်။ ပြည်သူကို စေတနာထားပြီး ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံ့ ဝန်ထမ်းများနှင့် ပတ်သက်၍ရေးသားတင်ပြထားသည့်ဆောင်းပါးများ | ကို လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။ ။
အဆိုပါ စာအုပ်ကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ် ၊ အရောင်းဆိုင်အမှတ် (၁၇၂/၁၇၅) ပန်းဆိုး တန်းလမ်း(အလယ်)၊ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၈၂၄၈၁၀၂ သို့ ငွေကျပ် ၃၅၀၀ ဖြင့် ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်သည်။
မြန်မာ့အလင်း