ယမန်နေ့မှ အဆက်
VOM သတင်းဌာနမှ ဦးမောင်မောင်ထွန်းက နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ဘဏ်လုပ်ငန်း တွင် ဥပဒေအချို့ ကိုထုတ်ပြန်ကြောင်း၊ သို့သော်လည်းအောက်ခြေတွင် တော်တော်အဆင်မပြေမှုများ ဖြစ် နေကြောင်း၊ နောက်တစ်ချက်မှာ သက်ပြည့်ပင်စင် ဝန်ထမ်းများ၊ ကျဆုံး၊ သေဆုံးစစ်မှုထမ်းများ၏ စစ်မှု ထမ်း ဆုကြေး ငွေများကို အပတ်စဉ်ထုတ်နေရ၍ အခက်အခဲဖြစ်နေကြောင်း၊ ထို့ကြောင့် တစ်လုံးတစ်ခဲ တည်းရအောင် ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အပြင်၌ KPay, Wave Moneypero cotopogumopos ဘာကြောင့် ထုတ်၍ မရသလဲဆိုသည်မှာ ဘဏ်က ထုတ်မပေး၍ဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ်၌ ပိုက်ဆံ မရှိ၍ ထုတ်မပေးခြင်း၊ မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုကြောင်း၊ ငွေထုတ်၊ ငွေလွှဲအချိန်တွင် ရာခိုင်နှုန်းများကိုလည်း တောင်းနေကြကြောင်း၊ ထိုကိစ္စကို မည်သို့အဆင်ပြေစေရန် ဆောင်ရွက် ပေးမည်ကိုသိလိုကြောင်း မေးမြန်းသည်။
ATM ကတ်ဖြင့် ထုတ်ယူနိုင်ရေးဆောင်ရွက်
ဗိုလ်ချုပ်ဇော်မင်းထွန်းက အငြိမ်းစားများ အနေဖြင့် ပင်စင်လစာ ထုတ်ယူရန်အတွက် E-Pension စနစ်ကို ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ ကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များရှိကြောင်း ထိုအထဲတွင် ကနဦးဆုကြေးနှင့် ပင်စင်လစာ ထုတ်ယူပြီးနောက်ပိုင်း လစဉ် ထုတ်ယူမည့်ပင်စင်များ အတွက် ဆောင်ရွက်ရမည့်စနှစ်မှာ E-Pension စနစ်ဖြင့် အငြိမ်းစား လစာထုတ်ယူခြင်းကို ဘဏ်သို့ နှစ်ကြိမ်လာရောက်ရန် မလိုတော့ကြောင်း၊ ဘဏ်ဖွင့် ရက်၊ ဘဏ် လုပ်ငန်း အချိန်တွင် မည်သည့်နေ့ရက်မဆို ထုတ်ယူနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောက်တစ်ချက်မှာ ဘဏ်ဝန်ဆောင်ခ ငွေကျပ် ၂၀ ပေးဆောင်ပြီး ATM စာရင်းသို့ လွှဲပြောင်းကာ ATM ကတ်ဖြင့် ထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း ATM ကတ်မှ ပြန်ထုတ်ရသည့်အခက်အခဲ များ၊ ATM ကတ်က ထုတ်၍မရသည့် အခက်အခဲများ ကို ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ နောက် တစ်ချက်မှာ ATM ကတ်ဖြင့် ပင်စင်လစာထုတ်ယူမည် ဆိုပါက ပထမဦးစွာ မြန်မာ့စီးပွားရေးဘဏ်တွင် ATM ကတ်ပြုလုပ်ရမည်ဖြစ်ပြီး ATM ကတ်ရပြီးပါက ATM အမှတ်ကို မည်သည့် လတွင် လွှဲပြောင်းပေးစေလိုကြောင်း အကြောင်းကြားစာနှင့် လျှောက်ထားရမည် Gompea epos Mobile Money : MPT pay Mytel Payများဖြင့်လည်း ပင်စင်လစာထုတ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း ကျန်ရှိသည့် အချက်အလက်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဗဟိုဘဏ်မှ ဖြေပေးနိုင်ပါက ဖြေပေး စေလိုကြောင်း ပြန်လည်ဖြေကြားသည်။
မြန်မာနိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ရှင်းလင်းရာ ယခု ဗိုလ်ချုပ်တင်ပြသွားသည် မှာ တော်တော်လေး ပြည့်စုံသွားပြီဖြစ်ကြောင်း၊ K pay Wave Moneyကိစ္စရပ်များ၏အခက်အခဲများကို ဗဟိုဘဏ် ကသိရှိပြီး ဖြေရှင်းပေးလျက်ရှိကြောင်း၊ အသေးစိတ်သိရှိလိုပါက မိမိတို့ကို သီးခြားထပ်မံမေး ပေးစေလိုကြောင်း သတင်းဌာနကို ပြန်လည်ဖြေကြား ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
VOA သတင်းဌာနမှ ဦးမောင်မောင်ထွန်းက ယခုလတ်တလောဖြစ်နေသည့် ကိစ္စရပ်များကို မည်သို့ဖြေရှင်း ပေးမည် ကိုလည်း သိလိုကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးအားထပ်မံမေးမြန်းသည်။
မြန်မာနိုင်ငံဗဟိုဘဏ်မှတာဝန်ရှိသူတစ်ဦးက မိမိအနေဖြင့် ယခုလောလောဆယ် ဖြေ၍မရသေးကြောင်း ဖြေကြား သည်။
VOM သတင်းဌာနမှ ဦးမောင်မောင်ထွန်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် လက်ရှိ အခြေအနေ၌ မြန်မာ ကုန်သည်များက Costom မှ Duty နှင့် Licenceကို ရရှိပြီး အခွန်အခများပေးဆောင် | ကာ ကုန်သွယ်ရေး စခန်းကိုဖြတ်၍ တစ်ဖက်နိုင်ငံကိုတရားမဝင်တင်သွင်းနေရသည့် အခြေအနေကို အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။
ညှိနှိုင်းဆောင်ရွက်လျက်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက တရားဝင်ကုန်သွယ်မှု လုပ်ဆောင်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ပို့နေသည့် လုပ်ငန်းများ၊ ယခုလောလောဆယ် မူဆယ် (၁၀၅) မိုင်ဂိတ်တွင် ကုန်သွယ်မှုပမာဏမှာ ကိုဗစ်-၁၉ | တတိယ အကျော့ ကန့်သတ်ချိန်ကာလတွင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ၁၂ သန်းခန့်ရှိကြောင်း၊ ယခု ဇွန် ၅ ရက်တွင် တစ်ဝက် နီးပါးဒေါ်လာ ငါးသန်းခန့် လျော့ကျသွားမှုရှိကြောင်း၊ ယခုမေးမြန်းသည့်မေးခွန်းသည် ဤကိစ္စ များနှင့် ဆက်စပ်နိုင်ကြောင်း၊ ဂိတ်များတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ကားများကို တားဆီး မှုများ ရှိကြောင်း၊ ယခင်က ယာဉ်တစ်စီးခြင်းအပေါ်ကိုဗစ်-၁၉ စစ်ဆေး ခြင်းများကို ပြုလုပ်ရမှုများရှိကြောင်း၊ ကိုဗစ် -၁၉ စစ်ဆေးရာ ယခုအချိန်တွင် ပိုမိုတင်းကျပ်၍ စစ်ဆေး မှုများရှိကြောင်း မြန်မာနိုင်ငံမှ ကြံများကိုယူသွားသော် လည်း တစ်ဖက်နိုင်ငံတွင် ထိုကြံများက မရောင်းရကြောင်း ကြံများက မရောင်းရသည့်အတွက် ကြံသည် ၂၄ နာရီ၊ ၄၈ နာရီကျော်ပါက အချဉ်ပေါက် ၍ ကြံများကို သွန်ခဲ့ရမှုများရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက် လျက်ရှိရာ ကြံများကို အခွန်ဆောင်ပြီး၊ အခွန်အခပေးပြီးသည့် ကြံမှန်သမျှ ကို တစ်ဖက်တွင် ရောင်းချနိုင်ရေး အတွက် လိုက်လံ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။
Myanmar Nation သတင်းဌာနမှ သတင်း ထောက် ဒေါ်ဆွေဇင်ဦးက လက်ရှိအခြေအနေတွင် တပ်မတော်ကို ချင်သည့်သူများ၊ နိုင်ငံကိုအလေးထား တန်ဖိုးထားသည့်သူများကို CRPH NUG NLD ကို ထောက်ခံသည့် အဖွဲ့များက မတရားအကြမ်းဖက်ခြင်း ကို ခံနေရကြောင်း၊ တပ်မတော်က ဗိုလ်ချုပ် အောင်ဆန်း သန္ဓေ တည်ခဲ့သည်ဟု ပြောပါက မိမိတို့ လက်ခံကြောင်း၊ သို့သော်လည်း ဗိုလ်ချုပ်ကြီးနေဝင်း ကတစ်ဆင့် တပ်မတော်ကို ခက်ခဲစွာမွေးဖွားထူထောင် ခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တွင် တပ်မတော်က နိုင်ငံ့အလယ် ထည်ဝါစွာရပ်တည်နိုင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေတ်တွင် NUG ဖြစ်စေ၊ CRPH ဖြစ်စေး တခြား နိုင်ငံကဖြစ်စေ မိမိတို့နိုင်ငံကို မည်သို့ အန္တရာယ်ပြုသည်ဖြစ်စေ မိမိ နိုင်ငံနှင့် မိမိတို့ တပ်မတော်သည် ဘယ်တော့မှ ပြိုလဲတော့မည်မဟုတ်ဟုအကြွင်းမဲ့ယုံကြည်ထားကြောင်း၊ ယုံကြည်ထားသကဲ့သို့ တပ်မတော်ကို အားကိုး ကြောင်း၊ သို့သော်လည်း လက်ရှိမြေပြင်အခြေအနေ အရ တပ်မတော်ကို အားကိုးနေသော်လည်း အိမ်ရှေ့ ကို ဘယ် အချိန် ရောက်လာမလဲဆိုသည်ကို တွေးကြောက်နေရကြောင်း၊ လွတ်လပ်ရေးရရန် ကြိုးပမ်း စဉ်ကာလက တည်းက ပြည်သူများက တပ်မတော်နှင့် အတူလက်တွဲပြီး ရရာလက်နက်ကို ဆွဲကိုင်ကာ နယ်ချဲ့ကို တော်လှန် ခဲ့သူများဖြစ်ကြောင်း။
ကာကွယ်နိုင်မည့် လက်နက်မျိုး ကိုင်ဆောင်ခွင့်ပြုပါဟု တောင်းဆို
ယခုအချိန်တွင် ဘာမဟုတ် သည့် NUG၊ CRPH နှင့် NLD ထောက်ခံသူများ၏ အကြမ်းဖက်ရန်ပြု ခြင်းကို ငြိမ်ခံနေရကြောင်း၊ မည်သည့် အတွက်လဲ ဆိုသည်မှာ မိမိတို့ တုံ့ပြန်လိုက်ပါက ထောင်ကျမည် ဖြစ်ကြောင်း၊ မတုံ့ပြန်ဘဲ ငြိမ်ခံမည် ဆိုပါကလည်းသေမည်ဖြစ်ကြောင်း ရွေးချယ်စရာမရှိကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်တို့အနေဖြင့် မိမိတို့ ကိုယ့်ကိုယ် ကိုယ် ပြည့်ဝစွာခုခံကာကွယ်နိုင်ခွင့်၊ မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်မည့် လက်နက်မျိုး ကို ကိုင်ဆောင် ခွင့်ပြုပါဟု တောင်းဆိုလိုကြောင်း၊ နောက်တစ်ချက်မှာ မိမိတို့က ဥပဒေဘက်တော်သား များဖြစ် ကြကြောင်း၊ ကားပေါ်ဖြစ်စေ၊ အိမ်၌ဖြစ်စေ လက်နက်တစ်ခုခုကို ကိုင်ဆောင်ထားပါက မိမိတို့ အဖမ်း ခံရမည် ဖြစ်ကြောင်း၊ မိမိတို့ကို ကိုင်ဆောင်ခွင့် ပြုပါဟု တောင်းဆိုသော်လည်း ဥပဒေမဲ့ဖြစ်နေ ကြောင်း၊ အမြန် လမ်းတွင် အနှေးယာဉ် တက်မောင်း ခွင့် မပြုထားကြောင်း၊ အနှေးယာဉ်သည်ကားဖြင့်ဖြစ် စေ တိုက်မိသည့် အချိန်တွင် မည်သို့ပင် လမ်းကြောင်း မှန်နေပါစေ အနှေးယာဉ်က အလွန်သာဖြစ်ကြောင်း၊ ထိုသာက အရလောလော ဆယ် မိမိကိုယ်ကို အသက် အန္တရာယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ အပြည့်အဝ ကာကွယ်နိုင်သောလက်နှက်ကို ကိုင်ခွင့် ပြု၍ ရ/မရကို အရေးတကြီးသိလိုကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေ၏အကာ အကွယ်သာ ယူရမည်ဖြစ်ကြောင်း၊ ရာဇသတ်ကြီး ဥပဒေအရ ပုဒ်မ ၁၀၀ ခန့်တွင်ရှိကြောင်း၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် လူတိုင်းတွင်ရှိကြောင်း၊ မိမိ ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ လုပ်ဆောင်သည့်လုပ်ဆောင်မှုများက ပြစ်မှုမြောက်စေရဆိုသည်မျိုး ရှိကြောင်း၊ သို့သော် မိမိကိုယ်ကို ခုခံ ကာကွယ်ပိုင် ခွင့်တွင် စည်းမျဉ်းများရှိကြောင်း၊ CRPH NLD အကြမ်းဖက်သမားများက မိမိအသက်အန္တရာယ်ကို ရန်ရှာခြင်း၊ မိမိနှင့်မိမိပတ်ဝန်းကျင်ကို ရန်ရှာ၍ ခုခံကာကွယ်ခြင်းက ရာဇသတ်ကြီးဥပဒေအရ ပြစ်မှု မြောက်စရာ အကြောင်းမရှိကြောင်း၊ ဥပဒေအရ အကာ အကွယ်သည် ယခင်ကတည်းကရရှိပြီးဖြစ်ကြောင်း၊ နောက်တစ်ချက် အနေဖြင့် ထိုအသံများကို အမြဲတမ်း ကြားနေရကြောင်း တပ်မတော်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ထောက်ခံသူများ၊ အမျိုး သားရေးသမားများက ပြောကြသည်မှာ ၎င်းတို့ အနေဖြင့် အသက်အန္တရာယ်ရှိကြောင်း၊ အသက် အန္တရာယ်ပြုခံရကြောင်း၊ အန္တရာယ်ဖြစ်သည့် အကြောင်း၊ နေ၍ထိုင်၍မရသည့်အကြောင်းကို ကြားသိရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် မည်သည့်ဒုက္ခရောက်နေသည့် ပြည်သူတစ်ဦး တစ်ယောက် ကိုမဆို မည်သည့် ပြစ်မှုကျူးလွန်ဘဲ အပြစ်မဲ့သည့် ပြည်သူတစ်ဦးတစ်ယောက်ကိုမဆို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိကြောင်း၊ မိမိတို့ ဝန်ခံကြောင်း၊ မိမိတို့ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ လူတစ်ဦးချင်း တစ်ဦးချင်းကို ကာကွယ်စောင့်ရှောက် ပေးနိုင်ခြင်းမရှိကြောင်း၊ သို့သော် မိမိတို့အနေဖြင့် အကြောင်းကြားမှုများ ပြောဆိုမှုများ ရှိပါက အချိန်မီသွားရောက်၍ ဆောင်ရွက်ပေးနိုင်မှုမျိုးကို ဆောင်ရွက်ပေးကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်ပြီး လုံခြုံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်အတွက် ကျောင်းများလုံခြုံရေး၊ ပြည်သူလူထုလုံခြုံရေးနှင့် ပတ်သက်ပြီး အမြဲတမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Nation သတင်းဌာနမှ သတင်း ထောက် ဒေါ်ဆွေဇင်ဦးက မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် မြေပြင်အခြေအနေကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် အတိအကျ အမှန်အကန်သိရှိပါသလား၊ သိရှိနေပါက တပ်မတော်မှ အကြမ်းဖက်များကို နှိမ်နင်းလိုက်၍ သေသွား သည့်ဦးရေများကိုသာ ဘက်ပေါင်းစုံ၊ နေရာ ပေါင်းစုံက ကြားသိနေရကြောင်း၊ ယမန်နေ့က ပြည်မှ ပရဟိတ လုပ်ခဲ့သော ပုဂ္ဂိုလ်မျိုး၊ ဗိုလ်တထောင် ဘုရား ဝင်းရှေ့ တွင် သေနတ်ဖြင့်ပစ်သွားသည့်ကိစ္စများ ထိုကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ သတ်ဖြတ် ခြင်း ခံရသည့် စာရင်းကိုမူ မည်သည့်နေရာကမှ တင်ပြ သည်ကို မတွေ့ရကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌက အမှန်တကယ် မြေပြင် သတင်းကို သိသည်ဆိုပါက ဗိုလ်ချုပ်တို့အနေဖြင့် ခံစားနေရသော ပြည်သူများ၊ သေဆုံးသွားသည့်သူများ ၏ အမည်စာရင်းကို အတိအကျ ထုတ်ပြန်ပေး၍ ရနိုင်ပါသလား၊ ယခုအခြေအနေတွင် NUG နှင့် CRPH တို့ သေဆုံးနေသောဦးရေနှင့် တပ်မတော်ကို ထောက်ခံသည့်သူများ သေဆုံးနေသောဦးရေမှာ မည်သည်ကများမည်ကို ဗိုလ်ချုပ်အနေဖြင့် သိပါ သလား မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အပြစ်မဲ့ပြည်သူ ၁၇၃ ဦး အသတ်ခံရကြောင်း၊ ထိုစာရင်းဇယားကိုလည်း ပေးလိုက် မည်ဖြစ်ကြောင်း၊ အဘိအကျပေးလိုက်မည် ဖြစ်ပြီး အမည်မပါကြောင်း၊ လူဦးရေ မည်မျှရှိသည် စာသင်ကျောင်း ဘယ်လောက်မီးရှို့ခံရသည်။ ဒလန်ဟုစွပ်စွဲပြီး နှိပ်စက်ခံရသူ မည်မျှရှိသည်တို့ကို ပေးလိုက်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
Sky net up to date သတင်းမီဒီယာမှ ဦးကောင်းစုသာက Eleven Media အား တရားစွဲ ထားခြင်းကို ပြန်ပြီးရုပ်သိမ်းပေးသည်ကို တွေ့ရကြောင်း၊ အနုပညာရှင်တချို့ ကို တရားစွဲထားသည့် ပုဒ်မ-၅၀၅ ကိုပိတ်သိမ်းပြီး ပြန်လည်လွတ်မြောက် လာသည်ကို တွေ့ရကြောင်း၊ ယခုလိုတရားစွဲထား သည်များကို ပြန်လည် ရုပ်သိမ်းခြင်းနှင့် ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိ/မရှိ သိလိုကြောင်း၊ ထိုသို့ တရားစွဲဆိုထားသည်များကို ပြန်ပြီး ရုပ်သိမ်း သည့် သဘောထားမှာ အဘယ်ကြောင့်လဲဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
နောက်ထပ်အမှုပိတ်သိမ်းပေးရန် အစီအစဉ်ရှိ
ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး သဘော ထားရှင်းရှင်းလင်းလင်းပြောကြားပြီးဖြစ်ပါကြောင်း မီဒီယာများကို မိမိတို့က စတုတ္ထမဏ္ဍိုင် အဖြစ် သဘော ထားပြီးဖြစ်ကြောင်း၊ အနုပညာရှင်များနှင့်ပတ်သက်ပြီး ပထမအဆင့် ပြစ်မှု ကျူးလွန် မထားသည့် သူများ၊ CDM ကိစ္စများ Social Bullying ကိစ္စများတွင် ထဲထဲဝင်ဝင်လှုံ့ဆော် ခြင်းမဟုတ်သည့်သူများကို ၎င်းတို့၏ လူမှုရေးကိစ္စ များ လူမှုစီးပွားကိစ္စများကို ထောက်ထားပြီး ပြန် လည်ကုစားဆောင်ရွက်ပေးခြင်းရှိကြောင်း၊ နောက် ထပ်လည်း ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည့် အနုပညာရှင်အချို့ကို အမှုပိတ်သိမ်းပေးရန် အစီ အစဉ်ရှိ ပါကြောင်း၊ အမှုပိတ်သိမ်းရေးဆောင်ရွက်ရာ တွင် အကြမ်းဖျင်းအားဖြင့် CDM လုပ်ဆောင်နေသည့် တချို့ ဝန်ထမ်း များ အချိန်မီလုပ်ငန်းခွင်ပြန်ဝင်လာရန်ဆောင်ရွက်သည့်အဆင့်အတိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယမန် နေ့က မီဒီယာတချို့ တွင် တွေ့ရကြောင်း တချို့ အနုပညာရှင်များ ပြန်လွတ်လာ ခြင်း ရှိကြောင်း၊ ၎င်းတို့ ကိုယ်တိုင် ၏ Page များ၊ Wall များတွင်လည်း သတင်းများရေးနေကြောင်း၊ မီဒီယာ တချို့ က အနုပညာရှင်တချို့ ကို ငွေယူပြီး ပြန်လွှတ် ပေးနေသည်ဟု ရေးခြင်းတွေ့ရကြောင်း၊ တချို့ အနုပညာရှင်များကလည်း ၎င်းတို့ ဘာမှ ငွေမပေးရ ဆိုပြီး ၎င်းတို့ Wall များတွင် ရေးထားခြင်းတွေ့ရ ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး အမှုပိတ် သိမ်းပြီး ပြန်ရောက်နေသည့် အနုပညာရှင်များရှိပြီး ၎င်းတို့ကို ပြန်ပြီးမေးစေလိုကြောင်း၊ မီဒီယာများရှေ့တွင် ပြောရခြင်းကို အားနာပါကြောင်း၊ အနုပညာရှင်များကို ပိုက်ဆံယူပြီးလွှတ်ပေးသည်ဟုရေးသည့် တချို့ မီဒီယာ များကို ပြောခြင်း ဖြစ်ပါကြောင်း၊ ယူပြီး လွှတ် ပေးစရာအကြောင်း မရှိကြောင်း အမှန်တကယ် ပြစ်မှု - ကျူးလွန် ထားသည့် သူကိုလည်း လွှတ်ပေး၍မရ ၂ ကြောင်း မီဒီယာများအနေဖြင့် မိမိတို့မီဒီယာ ၊ ရပ်တည်နိုင်ရေးအတွက် ယင်းလောက် ဖာကျဖို့မလို ဘူးဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့သစ္စာ အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးအောင်ကျော်ဦး က အိမ်သုံးမီတာ ယူနစ် ပြန်လည် ပြင်ဆင်ပေးရန်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ ယခင်အစိုးရက ၁ ယူနစ်မှ ၃၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ် စသည်ဖြင့် ထိုသို့သွားကြောင်း ၂၀၀ ယူနစ် ကျော်က ၁၂၅ ကျပ်အထိသွားကြောင်း၊ အဆင့် (၇) ဆင့် သွားကြောင်း၊ ယခု ပြည်သူများ ဖြစ်နေ သည်မှာ တော်တော်များများ ကာလကြာသော်လည်း ယခုထက်ထိ ၊ နားမလည် သဘော မပေါက်ကြကြောင်း ၎င်းတို့ နားလည်သဘောပေါက်သည်မှာ ၇ဝ ယူနှစ်၊ ၅ဝ ယူနှစ် ၁၀၀ ယူနစ် တစ်သမတ်တည်း ကောက်ခံပါက သူတို့ အကုန်လုံးနားလည်ကြောင်း၊ ဥပမာ- ၁ ယူနစ် ၇၀ ကျပ် ၁၀၀ ယူနစ်သုံးပါက ၇၀၀၀ ကျပ် ပေးရ မည်ဆိုလျှင် သူတို့ နားလည်ကြောင်း၊ မီတာ လာဖတ် သည့်စာရေးနှင့် အများပြည်သူများမှာ ယင်းကိစ္စ များနှင့် ပြဿနာ ဖြစ်ရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်တို့အနေဖြင့် ပြောင်းလဲ သတ်မှတ်ပေးရန် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။
ပြောင်းလဲသတ်မှတ်ပေးရန် မရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလိုမေးခွန်း မေးမြန်းသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မီတာခနှုန်းထားများကို ယခုလောလောဆယ် ပြောင်းလဲသတ်မှတ်ပေးရန် မရှိပါကြောင်း၊ ယခင် သတ်မှတ်ပေးထားသည့်နှုန်းများကို ထဲထဲ ဝင်ဝင် နားမလည်သည့်အတွက် အခက်အခဲဖြစ်ခြင်းဖြစ်ကြောင်း၊ အိမ်သုံးအမျိုးအစား အလွှာများကို အဆင့် (၇) ဆင့် သတ်မှတ်ထားကြောင်း၊ ထိုသို့ သတ်မှတ်ရာတွင် လစဉ်ဝင်ငွေနည်းသည့် အိမ်ထောင်စုများနှင့် အလယ် အလတ် ဝင်ငွေရှိသူများကို လစဉ်ပေးချေရန် တတ်နိုင်သည့်နှုန်းများဖြင့် စဉ်းစားပြီးဆောင်ရွက် ထားခြင်း ဖြစ်ကြောင်း၊ အိမ်တွင် လျှပ်စစ်ပစ္စည်းအမျိုးမျိုး ဝင်ငွေ ကောင်းသည့်သူများ၊ ငွေကြေးချမ်းသာသည့်သူများကို ဓာတ်အား ယူနှစ် ၁ဝဝဝ ထက် ကျော်လွန်သုံးစွဲပါက ကျော်လွန်သည့် ဓာတ်အားယူနစ်နှုန်းထားကို ပေးသွင်း ရခြင်းဖြစ် ကြောင်း အဆိုပါနှုန်းထားတွင် ဆင်းရဲချမ်းသာမရွေး လူတန်းစားအားလုံး ယူနှစ် ၁၀၀ အထိ သက်သာ သည့် နှုန်းထားဖြစ်ကြောင်း၊ ထို့ကြောင့် လတ်တလောပြင်ရန်မရှိကြောင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိမြင်အောင် ဆောင်ရွက်ရန် ရှိကြောင်း၊ ယခုလို မေးမြန်းသည့်အတွက် ကျေးဇူး တင်ပါကြောင်း၊ လျှပ်စစ်မီတာကောက်ခံသည့် ဇယား နှင့်ပတ်သက်သည်များကို မီဒီယာများအား ပေးလိုက် မည်ဖြစ်ကြောင်း၊ ထိုအရာများကိုလည်း မီဒီယာ များက ပြည်သူများကို ပြန်ပြီးအသိပေးရန် ပြောလို ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ် ဧပြီလ မှ ၂၀၂၁ ခုနှစ် မတ်လအထိ ၁၂ လတာကာလ အတွင်း အိမ်သုံးအမျိုးအစား သုံးစွဲသူများအတွက် လစဉ်သုံးစွဲ ဓာတ်အား ယူနစ်များအနက် နှစ် ၁၅၀ အထိ သုံးစွဲမှုကိုလည်း အခမဲ့ခံစားခွင့်ပြုပြီးဖြစ်ပါ ကြောင်း၊ သတင်းစာ၊ TV ၊ ရေဒီယိုသတင်းများတွင် ထုတ်လွှင့်သော်လည်း တချို့ က မသိကြသေးကြောင်း၊ ထို့ကြောင့် ပိုပြီးနားလည်အောင် လုပ်ဆောင်ပေးရန် အစီအစဉ်ရှိသည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
နိုင်ငံ့သစ္စာ အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးအောင်ကျော်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့် မိမိတို့ မီဒီယာ များကို သတင်းမှန်ဖော်ပြပေးစေခြင်းကို သိရှိကြောင်း သို့သော် စာသင်ကျောင်းများ နေအိမ် များတွင် ဗုံးပေါက်ကွဲခြင်း၊ အစိုးရအဆောက်အအုံတွင် ဗုံးပေါက်။ ကွဲခြင်း တစ်ခုခုဖြစ်ပွားပါက လုံခြုံရေး အဖွဲ့အစည်း များက မီဒီယာများသတင်းယူရာတွင် တားဆီး ပိတ်ပင်ခြင်းများရှိကြောင်း၊ ယင်းသို့တားဆီးပိတ်ပင် ရာတွင် Fake အကောင့်ဟုခေါ်သည့် အကောင့်တုများ က အွန်လိုင်းပေါ်တွင် တစ်ရာ၊ နှစ်ရာခန့် ပျံ့နှံ့သွားကြောင်း၊ သတင်းတစ်ထောင်ခန့် ပျံ့နှံ့သွားကြောင်း၊ သတင်းမှန်ရရှိသွားချိန်မှာ မမီတော့ကြောင်း၊ ထိုသို့ အခက်အခဲများ ရှိသည့်အတွက် ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊ မေးမြန်းသည်။
သတင်းလွတ်လပ်ခွင့် ပိုပြီးရရှိနိုင်မည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ကလည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းတု များကို မထုတ် လွှင့်ကြရန်၊ သတင်းအမှားများကို မရေးကြရန်၊ သတင်းမီဒီယာများကို မေတ္တာရပ်ခံသည့် ကြေညာချက် ထုတ်ပြန် ထားခြင်းကို တွေ့ရကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာကောင်စီ အနေဖြင့် သတင်း မီဒီယာ များကို သတင်းမီဒီယာ ကတ်၊ သတင်းတိုက်အလိုက်ကတ်မဟုတ်ဘဲ သတင်း မီဒီယာကတ်များ ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ယင်းသတင်းမီဒီယာကတ်များ ဆောင်ရွက်ပြီးသည့် အခါ အသိအမှတ်ပြု ထားသည့် သတင်း မီဒီယာများက လုံခြုံရေးအရ ကန့်သတ်ထားသည့်နေရာ၊ ခွင့်ပြုထား သည့်နေရာ သတင်းရယူနိုင်သည့် နေရာ များကို အလွယ်တကူဝင်နိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ပါကြောင်း၊
ယခုလောလောဆယ် လုံခြုံရေးအရ ဆောင်ရွက်မှု များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံးများနှင့်ဆက်သွယ်ပြီး ဘယ်လောက်အထိခွင့်ပြုပေးနိုင်မည်ဆိုသည်ကို စုံစမ်း စစ်ဆေးပေးမည် ဖြစ်ကြောင်း၊ ကတ်များကို သတင်း မီဒီယာကောင်စီနှင့် ဆောင်ရွက်ပြီးလျှင် သတင်းလွတ်လပ်ခွင့်သည် ပိုပြီး ရရှိ နိုင် မည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ခေတ်ပုံရိပ်သတင်းဌာနမှ မွန်ပြည်နယ်သတင်း တာဝန်ခံ ဦးအေးလွင်က မွန်ပြည်နယ်တွင် တရုတ် က လာရောက် ပြီး လုပ်ကိုင်နေသည့် ကျောက်မိုင်းများ ရှိကြောင်း၊ ထိုကျောက်မိုင်းထဲမှ တချို့ တချို့သော ကျောက်မိုင်း များသည် နေပြည်တော် လိုင်စင်ဖြင့်လုပ် နေခြင်းကို တွေ့ရကြောင်း၊ တချို့ ကျောက်မိုင်းများမှာ ပြည်နယ်လိုင်စင်ဖြင့် လုပ်နေခြင်းတွေ့ရကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်၊ပြောင်းလဲသည့်အချိန်တွင် ထိုကျောက် မိုင်းများကို ပိတ်ထားသည်း ဖွင့်ထားသည်ဆိုသည်ကို ပြည်သူများ မသိရကြောင်း၊ ပြည်သူများက အထိတ်တလန့် ဖြစ်နေသည့်အချိန်၊ ကျောင်းသား ကျောင်းသူများက ကျောင်းတက်ပြီး အထိတ်တလန့်ဖြစ်နေသည့် အချိန်တွင် ၎င်းကျောက်မိုင်းများခွဲနေခြင်းကို ကြားရ ကြောင်း၊ ဝန်ကြီးချုပ်အနေဖြင့် မည်ကဲ့သို့ရှင်းလင်း ပေးမည်ကို သိလို ပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စအား မေးခွန်းပေးခဲ့ပြီး မွန်ပြည်နယ်သို့ မေးမြန်း၍ ပြန်လည် ဖြေကြား ပေးမည် ဖြစ်ကြောင်း၊ နောက်တစ်ခု မေတ္တာ ရပ်ခံလိုသည်မှာ မမေးစေလို၍မဟုတ်ကြောင်း၊ သတင်းစာ ရှင်းလင်း ပွဲတွင် မီဒီယာများကို တချို့ ကိစ္စ များလက်ငင်းမဖြေကြားနိုင်ခြင်း ရှိပါကြောင်း၊ တချို့ ကိစ္စများမှာ မိမိတို့နှင့် အလှမ်း ဝေးသည့်အတွက်ကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့်သတင်းစာရှင်းလင်းပွဲ မတိုင်ခင်တွင် တချို့ နယ် သတင်း များ ဖြစ်စဉ်များ၊ နိုင်ငံတော်အဆင့်မဟုတ်သည့် သတင်းများကို မီဒီယာများအနေဖြင့် မေးချင်သည့် မေးခွန်း များကို ကြိုပေးပါရန် မေတ္တာရပ်ခံထားခြင်းရှိပါ ကြောင်း၊ ထို့ကြောင့် မေးခွန်းကို လတ်တလော ဖြေကြားနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြား သည်။
Myanmar National Post သတင်းဌာနမှ သတင်းထောက် ဦးစည်သူမြင့် က ယခုလက်ရှိဖြစ်ပေါ် နေသည့် ဆေးရုံ များ၌ လူအင်အား အလွန် များပြားနေသည့်အတွက် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေး ဝန်ထမ်းများ နည်းနေသောကြောင့် မမျှမတဖြစ်နေသည်ဟုသိရှိရပါကြောင်း၊ ထိုကိစ္စအတွက် နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီအနေဖြင့် မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆေးရုံကိစ္စနှင့် ပတ်သက်ပြီး ယခင်က ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ် နိုင်ခြင်း မရှိကြောင်း ဆေးရုံ၊ ဆေးခန်းဖွင့်လှစ်နိုင်ခြင်း မရှိသည့်အချိန်တွင် တပ်မတော်ဆေးရုံများက ကုသ ပေးခဲ့ကြောင်း၊ ယခု အချိန်တွင် ဆေးရုံ၊ ဆေးခန်းများ တော်တော်များများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော် ဆေးရုံ အနေဖြင့် လည်း လိုအပ်သလောက် ဆက်လက်ကုသပေးနေကြောင်း၊ ဆေးရုံ ဆေးခန်းများ၌ ဆရာဝန်၊ ဆရာမ အချို့ CDM လုပ်နေသည့်အတွက် မတတ်နိုင်ခြင်းဖြစ်ကြောင်း၊ အပြည့်အဝ မဖွင့်လှစ်နိုင်သည့် ဆေးရုံများလည်း ရှိကြောင်း ဥပမာအားဖြင့် အထူးကုသဆောင်များ မဖွင့်နိုင်သည့် အခြေအနေမျိုးရှိကြောင်း၊ သို့သော် ကျန်းမာရေး ဝန်ထမ်းအင်အား ဆရာဝန်အင်အားနှင့် လိုက်လျောညီထွေအောင်လုပ်ပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြား သည်။
Myanmar National Post သတင်းဌာနမှ တင်းထောက် ဦးစည်သူမြင့်က ယခုလတ်တလော တွင် အုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများ အကြမ်းဖက် တိုက်ခိုက်မှုများ ခံနေရကြောင်း၊ မန္တလေး၌ဆိုလျှင် ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင် အပစ်ခံရခြင်းမျိုးတွေ့ရှိလာရ ပါကြောင်း၊ဂန့်ဂေါနယ်၌ ငါးလောင်းပြိုင်မီးရှို့ သတ်သည့် အခြေအနေအထိ ဖြစ်လာကြောင်း၊ ထိုအကြောင်း အရာများနှင့်ပတ်သက်ပြီး Myanmar National Post နှင့် ဂန့်ဂေါလွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးလှဆွေအင်တာဗျူးသည့်အခါ ဦးလှဆွေက ၎င်းသိ လိုသည်များကို မိမိတို့ Myanmar National Post ကတစ်ဆင့် မေးမြန်းပေးစေလိုသည့်အတွက် မေးမြန်းလိုကြောင်း၊ မအေးချမ်းသေးသည့် နယ်မြေ များ၌ အုပ်ချုပ်ရေးမှူးများအတွက် လုံခြုံရေးနှင့် အလှမ်းဝေးသည့်နေရာများတွင် တာဝန်ကျနေသည့် အုပ်ချုပ်မှု ပိုင်းဆိုင်ရာ အဖွဲ့အစည်းများအပေါ်လိုင်စင် ထုတ်ပေးနိုင်သည့် လက်နက်များချထားပေးရန် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
ဒေသဆိုင်ရာပြည်သူ့စစ်များ ဖွဲ့စည်းနိုင်ခွင့်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေအရလက်နက် ကိုင်ဆောင်ခွင့်ဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ပုဂ္ဂလိက လျှောက်ထားရသည့် အရာမျိုးရှိကြောင်း၊ ဥပဒေအရ စည်းမျဉ်းစည်းကမ်းနှင့်အညီသာ ဆောင် ရွက်ခွင့်ရှိကြောင်း၊ နံပါတ်နှစ်အနေဖြင့် လက်နက် ကိုင်အဖွဲ့အစည်းနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုကြောင့် ဖြစ်စေ၊ သောင်းကျန်း မှုကြောင့် ဖြစ်စေလိုအပ် လာလျှင် ဒေသဆိုင်ရာ ပြည်သူ့စစ်များ ဖွဲ့စည်းနိုင်ခွင့် ရှိကြောင်း၊ နယ်မြေဒေသ အခြေ အနေ အမှန်တကယ်လိုအပ်မှု ရှိမရှိဆိုသည်ကို သုံးသပ်ပြီးမှသာ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းမိမိပြောခဲ့သည့် နှစ်ချက်လုပ် ပေးနိုင်သည်ဆိုသည်မှာ ဥပဒေအရရှိသည်/လုပ်ပေး နိုင်သည်ဟု ပြောခြင်းသာဖြစ်ပြီး လုပ်ပေး မည်ဟုပြောခြင်းမဟုတ်ကြောင်းလုပ်ပေး၍ရသည် ရှိပြီးသား ဆိုသည်ကို ပြောခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ သတင်းထောက် ဦးစည်သူမြင့်က ယခုလက်ရှိဖြစ်ပေါ် နေသည်မှာ စာသင် ကျောင်းများ၌ အချို့ကျောင်းသား မိဘများက ကျောင်းလာအပ်နှံသော်လည်း အကြမ်း ဖက်သောင်းကျန်း သူများက လေလှိုင်းပေါ်တွင်ရော လက်ရှိအပြင်တွင်ပါ မီးရှို့ခြင်း၊ ဗုံးပစ်ခြင်းများ၊ ဆရာ ဆရာမများကိုလည်း ပြဿနာ ရှာနေသည့်ကိစ္စများ ဖြစ်နေသည့်အတွက် ကလေးများ၏ လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းကို လာမပို့ နိုင်သေး ကြောင်း၊ ထိုကျောင်းကိစ္စနှင့်ပတ်သက်ပြီး ကျောင်းလာမပို့နိုင် သေးသည့် မိဘများကို ကျောင်းပို့ လိုသည့် စိတ်ဖြစ် ဆောင်း ပို့ချင်လာအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်သို့ပြောပေးနိုင်မည်ကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကအဓိကစုပေါင်းအင်းအား လိုကြောင်း၊ လေလှိုင်းပေါ်ကနေ ခြိမ်းခြောက်သည့် အတွက် ကလေးများလုံခြုံရေးကို စိုးရိမ်သည့်အတွက်ကျောင်းကိုမပို့နိုင်ကြောင်း၊ လက်တွေ့ ဗုံးဖောက်ခွဲရန် အတွက် ကျောင်းဝိုင်းထဲ ဝင်လာပြီး ဗုံးဖောက်ခွဲသည့် ထီးချိုင့်ဖြစ်စဉ်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များလည်း တာဝန်မရှိ မဟုတ်ကြောင်း၊ တာဝန်ရှိပါကြောင်း၊ မြန်မာနိုင်ငံကာကွယ်ရေးအတွက် ပြည်ပ ရန်ကာကွယ်ရေးသည် တပ်မတော် တွင် အဓိက တာဝန်ရှိကြောင်း၊ ပြည်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှာ အဓိကတာဝန်ရှိကြောင်း၊ သို့သော် ပြည်တွင်း ပြည်ပ နှစ်ရပ်လုံးမှာ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၌ တာဝန်ရှိသည်ဆိုသည်ကို ခံယူပြီးဖြစ်ကြောင်း၊ ထိုအတိုင်းလည်း လုပ်နေပါကြောင်း၊ သို့သော် ခြိမ်းခြောက်မှု တိုင်းကိုကြောက်၍ လိုက်ပြီးလုပ်နေ မည်ဆိုလျှင် အလုပ်မဖြစ်နိုင်ကြောင်း၊ ထီးချိုင့်ဖြစ်စဉ် ကို ဥပမာပေးရလျှင် ဝိုင်းဖမ်းသည့် ပထမဦးဆုံး ဖမ်းသည့်သူမှာ အမျိုးသား(သို့မဟုတ်) အမျိုးသမီးဆို သည်ကို သေချာကြည့်ရန် လိုကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ ၄ သန်းရှိကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့ ဝင်အင်အားသည် မည်သို့ပင်ဖြစ်စေ တိုင်းပြည်၏ အချိုးအရ လူဦးရေ အချိုးထက် နှစ်ရာခိုင်နှုန်းသည် အမြင့်ဆုံးဖြစ်ကြောင်း မည်သည့်နိုင်ငံမှ နှစ်ရာခိုင် နှုန်း၊ သုံးရာခိုင်နှုန်းဆိုသည့် စစ်ပုံစံသွင်းထားသည့် Militarization Country poe oegecombe ကြောင်း၊ ထို့ကြောင့် တစ်ယောက်ချင်းစီအတွက် မိမိတို့အနေဖြင့် လိုက်လုပ်ပေးနိုင်၊ မပေးနိုင်ကို စဉ်းစားကြည့်စေ လိုကြောင်း မိမိတို့တာဝန်မရှိဟု မဆိုလိုကြောင်း၊ တာဝန်ရှိသည်ဟု ခံယူပါကြောင်း၊ တာဝန်လည်း အများဆုံး ရှိကြောင်း၊ သို့သော် မိမိတို့ ပြည်သူများ ပါဝင်မှရမည်ဟု မိမိပြောလိုကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုသည် ဟု ပြောလိုကြောင်း၊ ထိုသို့ ပူးပေါင်းပါဝင်ခဲ့၍ ဗုံးဖောက်ခွဲ ရန် လာသည့်သူများကို နိုင်သည်များလည်း ရှိကြောင်း၊ အားလုံးပူးပေါင်းပါဝင်မှ ရနိုင်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
မြန်မာ့ရုပ်မြင်သံကြားမှ ဒေါ်ဆွေဆွေသန်းက လက်ရှိမြန်မာနိုင်ငံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရနှင့် NUG အစိုးရဟူ၍ အပြင်မှာ ၊ ပြောနေကြကြောင်း၊ NUG အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုရေးအတွက်လည်း ဆောင်ရွက်နေမှု များကိုတွေ့ရှိရကြောင်းအချို့ဗီဒီယာဟောင်းများအရ မည်သည့်နိုင်ငံ မည်သည့်လွှတ်တော်၊ မည်သည့် အဖွဲ့ အစည်းများက အသိအမှတ်ပြုသည်ဟူ၍ ပြောနေကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မည်သို့ သုံးသပ် ချက်များ ပြောလိုသည်ကို သိလိုပါကြောင်း၊ မေးမြန်းသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသာရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းမေးခွန်းကို ၊ E-mail မှ မေးထားခြင်းလည်းရှိကြောင်း၊ ပထမ ၊ ဦးဆုံး ပြောလိုသည်မှာ မြန်မာနိုင်ငံတွင် NUG နှင့် နစကအစိုးရဆိုပြီး ရှိသည်ဆိုသည့်စကားကို ၊ ကို ကန့်ကွက် လိုပါ ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသာရှိကြောင်း၊ NUG ပါ ဆိုသည်မှာ မည်သည့် နေရာတွင်ရှိမှန်း မိမိမသိကြောင်း၊ Online ပေါ်တွင် ရှိကောင်းရှိနိုင်ကြောင်း၊ မည်သည့်နေရာ မည်သည့် ဒေသတွင် ရှိသည်ကိုမှာ မပြောနိုင်ကြောင်း အသိအမှတ်ပြုခြင်း မပြုခြင်းမှာ • လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်အရ အသိ အမှတ် ပြုခြင်းနှင့် ၁ အပြည်ပြည်ဆိုင်ရာဥပဒေအရ အသိအမှတ်ပြုခြင်းဆိုပြီး နှစ်မျိုးခွဲ၍ရသည်ဟု ထင်ပါ ကြောင်း၊ လက်တွေ့ ဖြစ်စဉ်ဖြစ်ရပ်အရ အသိအမှတ်ပြုခြင်းကို လက်တွေ့ မြင်ရပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ နိုင်ငံ တကာ နှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဖိတ်ခေါ်ချက် များ၊ ဖိတ်ခေါ်ခံရသည့်အစိုးရ၊ အစည်းအဝေး တက်ရောက် သည့်အစိုးရ၊ အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်ရေးအစည်းအဝေးတွင် တက်ရောက်သည့် ကိုယ်စားလှယ်ကိုကြည့်လျှင် သိနိုင်ကြောင်း၊ နဲ့ လက်တွေ့တွင် နိုင်ငံတကာအဖွဲ့အစည်းများတွင် ၊ ဌာနဆိုင်ရာ အဆင့်ကို ပြောရလျှင် ဥပမာ - ပြန်ကြားရေးဝန်ကြီးဌာနကို ပြောရမည်ဆိုပါက ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး များအဆင့် အစည်းအဝေးများ၊ ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေးများ၊ ရှေ့နေ ချုပ်ရုံးဆိုလျှင်လည်း အပတ်စဉ် အစည်းအဝေးများရှိကြောင်း အာဆီယံတွင်ရှိနေသည့် ဥပဒေပြုဆိုင်ရာ ၊ အစည်းအဝေးများကို အစိုးရ ကိုယ်စားပြု တက်ရောက် ရာတွင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ခန့်အပ်ထားသော သက်ဆိုင် ရာ ကိုယ်စား လှယ်များ ဦး သာ တက်ရောက်ရသည်ဖြစ်ကြောင်း။
အပြည်ပြည်ဆိုင်ရာဥပဒေအရ အသိအမှတ်ပြု ခြင်းကို မိမိရှင်းနိုင်သလောက် ရှင်းပြရမည်ဆိုပါက အပြည်ပြည် ဆိုင်ရာဥပဒေအရ အသိအမှတ်ပြုခြင်း နှစ်ချက်ရှိကြောင်း၊ နံပါတ်တစ်မှာ အမှန်တကယ်အသိအမှတ်ပြုခြင်း (Defacto recognition)၊ နံပါတ်နှစ် မှာ တရားဝင် အသိအမှတ်ပြုခြင်း (Djueracomon) တို့ဖြစ်ကြောင်း၊ ယင်းနှစ်ချက်၏ ကွာခြားချက်မှာ အသိအမှတ်ပြုခြင်းတွင် De facto သဘောနှင့် ပြောရမည် ဆိုပါက အခြား နိုင်ငံများက ဆက်ဆံရေးကို တည်ငြိမ်မှု အပြည့်အဝမရှိသေးသည့်အတွက် အခြေအနေစောင့်ကြည့်နေသည့် အခြေ အနေမျိုးဖြစ် ပြီး Dejure သဘောနှင့် ပြောရမည်ဆိုပါက အပြည့် အဝအသိအမှတ်ပြုပြီး ကိစ္စ တော်တော် များများတွင် ဆက်ဆံမှုပြုလုပ်နေခြင်းကို ဆိုလိုကြောင်း။
အချက်လေးချက်နှင့် တိုင်းတာ တရားဝင် အသိအမှတ်ပြုမှုကို အချက်လေး ချက်နှင့် တိုင်းတာကြောင်း၊ နံပါတ် တစ်မှာ အသိ အမှတ်ပြုနိုင်ငံနှင့် သံတမန်နှင့် ကောင်စစ်ဝန်ဆက်ဆံ မှုများ အပြည့်အဝပြုလုပ်ခြင်း၊ မြန်မာ နိုင်ငံ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် သံတမန်များ၊ ကောင်စစ်ဝန်များဆက်ဆံမှုအပြည့်အဝ ဆောင်ရွက် လျက်ရှိကြောင်း၊ မည်သည့်နိုင်ငံ သံတမန်များမှ ထွက်သွားခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံက သံတမန် များလည်း နိုင်ငံတကာ၌ အပြည့်အဝရှိကြောင်း၊ နံပါတ်နှစ်အနေဖြင့် အသိအမှတ်ပြုသည့်နိုင်ငံအနေ ဖြင့် အပြည်ပြည်ဆိုင်ရာ ညီလာခံ conference တွင် ပါဝင်ခွင့်ရှိခြင်း အာဆီယံအစည်းအဝေးများ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံများတွင် ကိုဗစ်-၁၉ကြောင့် လူတွေ့မလုပ်နိုင်သော်လည်း meeting များနှင့် online meeting များ လုပ်နေကြောင်း၊ ပါဝင် တက်ရောက်သူများကိုလည်း လက်တွေ့မြင်ကြ ရပြီဖြစ်ကြောင်း၊ နံပါတ်သုံးအနေဖြင့် အပြည်ပြည် ဆိုင်ရာ သဘောတူ စာချုပ်များနှင့်သဘောတူခြင်းများတွင် ပါဝင်အရေးဆိုနိုင်သည့် အခွင့်အရေးရှိခြင်း၊ လက်တွေ့ အပြည် ပြည်ဆိုင်ရာ သဘောတူစာချုပ်များ မည်သူတို့က ကိုင်စွဲလုပ်ဆောင်နေသည်ကို မည်သူ က လုပ်ခွင့်ရှိသလဲ ဆိုသည်ကို လက်တွေ့မြင်ရပြီဖြစ်ကြောင်း၊ နံပါတ်လေးအချက်အနေဖြင့် အသိအမှတ် ပြုခံနိုင်ငံ၏တရားဥပဒေနှင့် အုပ်ချုပ်ရေး၊ တရားစီရင် ရေးအဖွဲ့ အစည်းများ၏ ဆုံးဖြတ်ချက်များကို အသိ အမှတ်ပြုခြင်းနှင့် လေးစား လိုက်နာခြင်း၊ ထိုကိစ္စ နှင့်ပတ်သက်ပြီး အားလုံးသိပြီးဖြစ်ကြောင်း၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အုပ်ချုပ် လျက် လိုက်လျက်ရှိကြောင်း၊ တရားစီရင်ရေးများ ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတကာအနေဖြင့် ထိုအတိုင်းသာ အသိအမှတ်ပြုပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တရားဝင်အသိအမှတ်ပြုခြင်းဆိုသည့် အပြည်ပြည်ဆိုင်ရာဥပဒေအရ အချက်လေးချက်နှင့် တိုင်းတာလျှင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် Dejure အခွင့်အရေး အပြည့်အဝရှိ သည့် အစိုးရဟု ပြောလို ကြောင်း ပြန်လည်ဖြေကြား သည်။
(ဆက်လက်ဖော်ပြပါမည်)