Skip to main content

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် မှော်ဘီမြို့နယ် အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာတို့ရှိ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ဆန် နှင့် စားသောက်ဖွယ်ရာများပေးအပ်

 

နေပြည်တော်၊ ဇွန် - ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ ဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်အဖွဲ့ဝင်များက အဆိုပါရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

 ဦးစွာ  တိုင်းမှူးက အမှာစကားပြောကြားပြီး ရဲတပ်ဖွဲ့ဝင်များအတွက် ဆန် ၂၀၀ အိတ်၊ အာလူး ၁၄၃၈ ပိဿာနှင့် ကြက်သွန်နီ ၁၄၃၈ ပိဿာတို့ကိုပေးအပ်ရာ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက် က လက်ခံ ရယူသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မြိုင်သာယာ)နှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(ကြက်ဖြူကန်)တို့တွင် နေထိုင်ကြသည့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အာလူး ၆၂၉ ပိဿာနှင့် ကြက်သွန်နီ ၆၂၉ ပိဿာတို့ကို ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်