Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လေးလပတ် လုပ်ငန်း ညှိနှိုင်း အစည်း အဝေး ဒုတိယနေ့အစီအစဉ် ဆက်လက်ကျင်းပ

 

နေပြည်တော် ဇွန် ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ စုပေါင်း အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ရှေးဦးစွာ ယမန်နေ့က တင်ပြဆွေးနွေးရန်ကျန်ရှိနေသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေ သကြီး/ပြည်နယ်ဦးစီးမှူးများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုသင်တန်းကျောင်း ကျောင်း အုပ်ကြီး၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၊ လူကုန်ကူးခံရသူများ ယာယီစောင့် ရှောက်ရေး ဂေဟာ များနှင့် လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက်မျှဝေရာစင်တာတို့မှ  တာဝန်ရှိသူများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့ပြီးစီးမှု အခြေအနေ၊ အသိပညာပေးဟောပြောမှု၊ ဇာတ်တိုက်လေ့ကျင့်မှု၊ ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေ၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် တိုက်ပွဲ ရှောင်စခန်းများတွင် ဆန်ရိက္ခာထောက်ပံ့ပေးနေမှုအခြေအနေ၊ သင်တန်းများပြန်လည် ဖွင့်လှစ်မည့်အခြေအနေ၊ ဘေးထောက်ပံ့မှုများဆောင်ရွက်ရာ၌ ငွေထုတ်ယူမှုအခက်အခဲ တွေ့ကြုံရမှု၊ ပြန်လည် ထူထောင်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် သင်တန်းများဖွင့်လှစ်ပေးနေမှုအခြေအနေ၊ လူကုန် ကူးခံရသူများ ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာများတွင် လက်ခံစောင့်ရှောက် ပေးနေမှုအခြေအနေ၊ ဝန်ထမ်း ရေးရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ တွေ့ကြုံရ သည့် လုပ်ငန်း အခက်အခဲများ၊ လိုအပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ သုံးသပ်အကြုံပြုချက် များကို  ဆွေးနွေး တင်ပြကြ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)