Skip to main content

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၁၆

နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေထိုင်နိုင်ရန်အတွက် နေပြည် တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များတွင် အငှားအိမ်ရာများ တည်ဆောက်သွားနိုင်ရန် ဖွဲ့စည်းသော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီ အစည်းအဝေးအမှတ်စဉ်(/၂၀၂၁ကို ယနေ့ နံနက် ၁၀ နာရီ တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဒေသ အသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသများမှာ အိမ်ငှားခဈေးနှုန်း သက်သာစွာဖြင့် နေထိုင်ခွင့်ရရှိစေရန် ပြည်သူ့အငှားအိမ်ရာ၊ ဝန်ထမ်းအငှားအိမ်ရာများကို တည်ဆောက်ပံ့ပိုး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများသာမက အငြိမ်းစား ဝန်ထမ်းများအတွက်ပါ အကျုံးဝင်သည့် အိမ်ရာများကိုလည်း စဉ်းစားဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အိမ်ရာ များကို တည်ဆောက်ဖြည့်ဆည်းရာတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာရန် လိုအပ်ပါကြောင်း၊ အိမ်ရာ ကဏ္ဍစနစ်တကျ အထောက်အပံ့ပေးနိုင်လျှင် ပြည်သူများ၏လူမှုစီးပွားရေးဘဝတိုးတက်စေရန် အထောက် အကူဖြစ် စေမည် ဖြစ်ပါကြောင်း၊ အိမ်ရာတည်ဆောက်မှု၊ နေရာချထားမှု၊ ပြုပြင်ထိန်းသိမ်းမှုတို့ကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများအတွက် အိမ်ရာဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ လုပ်ငန်းကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန် ပြောကြားသည်။

ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်က နိုင်ငံ့ဝန် ထမ်းအငှားအိမ်ရာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ တော်ဝန်များနှင့် တိုင်းဒေ သကြီး/ပြည်နယ်များမှ တာဝန်ရှိသူများက ဗွီဒီယိုကွန်ဖ ရင့်စနစ်ဖြင့် ဒေသအလိုက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဦးစီးကော်မတီ ဝင်များ၊ လုပ်ငန်းကော်မတီဝင်များမှ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေးကိစ္စအဆင်ပြေစေရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် တိုင်းဒေသ ကြီး/ပြည်နယ်များတွင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို ၂၀၁၇ ခုနှစ်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် အိမ်ခန်း (၅၂၀) ရန်ကုန်မြို့တွင် အိမ်ခန်း (၄၇၆) မန္တလေးမြို့တွင် အိမ်ခန်း (၅၀၀) တည်ဆောက်နိုင်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်