Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတက်ရောက်

 

နေပြည်တော်  ဇွန် ၁၆

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့် အမျိုးသား ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးများ ကျင်းပရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို  ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးဌာနအနေ ဖြင့် ကိုဗစ်-၁၉ အလွန် ခရီးသွား လုပ်ငန်းပြန်လည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသ ကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ Pilot Project များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ခရီးသွား ဈေးကွက်ရှာဖွေ မြှင့်တင်ခြင်း ပါဝင်သည့် အဆင့် () ဆင့်သတ်မှတ်၍ ဆောင်ရွက်ခဲ့ရာ ပထမအဆင့်ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ Pilot Project များအနေဖြင့် စက်ဘီးစီးပြိုင်ပွဲကျင်းပခြင်း၊ အထူးဈေးရောင်း ပွဲတော် နှင့် ဖျော်ဖြေရေး အစီအစဉ်များတွင် ခရီးသွားလုပ်ငန်းပါဝင် မြှင့်တင်ဆောင်ရွက်ခြင်း၊ ရိုးရာလှေ ပြိုင်ပွဲ၊ တိုင်းရင်းသားပွဲတော်၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ များ ကျင်းပရေး စီမံချက်များပါဝင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်မှု အခြေအ နေပေါ်မူတည်၍ ခရီးသွားလုပ်ငန်းများ ဆက်လက် အကောင် အထည်ဖော်နိုင်ရေးအတွက် ခရီးစဉ်ဒေသများအလိုက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၊ ခရီးစဉ်ဒေသ ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများ Destination Management Organization (DMOs) များနှင့် နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။

အိမ်နီးချင်းနိုင်ငံများကဲ့သို့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အဆင့်များသတ်မှတ်၍ ခရီးသည်များ ဖိတ်ခေါ်ရန် Inbound Tourism, Border Tourism များကိုလည်း စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှု များကို အသေးစိတ် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ကိုဖြည့်စွက် ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)