Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးရေး၊ မြစ်ရေတင်နှင့် ရေထုတ်လမ်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇွန် ၁၆  

တိုင်းဒေသကြီး ပြည်နယ်များအားလုံး၌ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ တွင်တွင် ကျယ်ကျယ် ဆောင်ရွက်လာစေရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်မိသားစုချင်း၏ လူနေမှု အဆင့် အတန်းမြင့်မားလာရေး အကောင်အထည် ဖော်ပေးခြင်းသည် မြို့နယ် ပြည်ရွာတစ်ခုလုံးဖွံ့ဖြိုးရေးအတွက် အရေး ပါသည့် လုပ်ငန်းရပ် ဖြစ်ကြောင်း ဇွန် ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် တိုင်းဒေသကြီး ခရိုင်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြား သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုငါးလုပ်ငန်း စခန်း၏ မွေးမြူရေး ငါးသား ပေါက်ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု၌ GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် ဆင်းရတနာ(၁၄) နှမ်းစိုက်ခင်းကိုလည်းကောင်း၊ လိပ်ချင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဖောက်လုပ်ပြီးစီးသည့် အကျယ် (၁၂)ပေ၊ အမြင့် ()ပေ ()လက်မနှင့် (/ ဒသမ ၆၉၆)မိုင်အရှည်ရှိ ကွန်ကရိလမ်းကို လည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေဘိုစိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် ကြက်ဥများ ပေးအပ်ပြီး ကျောင်းသားအိမ်ဆောင် RC နှစ်ထပ် ဆောက်လုပ်နေမှုကို လည်းကောင်း၊ အရာတော်()လျှပ်စစ်မြစ်ရေတင်စီမံကိန်း၏ မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေ ပေးဝေနေမှု ကိုလည်းကောင်း၊ အရာတော်မြို့နယ်၊ မကျီးဇောက်ကျေးရွာ ကုန်ထုတ်လမ်း ဖေါက်လုပ်ခြင်း စီမံကိန်းကိုလည်းကောင်း၊ အောင်စန်းသာကျေးရွာ ရေရရှိရေး အတွက် စက်ရေတွင်းတူးဖေါ် ပြီးစီးမှု ကိုလည်းကောင်း၊ မုံရွာမြို့ ရွာတုံ ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (DVP) ဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာတွင်း ကွန်ကရိလမ်း ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊  စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ဒေသသုတေသန ဗဟိုဌာန ဇလုပ်ခြံ၏ မြန်မာနိုင်ငံ အပူပိုင်း၊ မိုးနဲ ရေရှားဒေသများအတွက် ဒေသနှင့် ကိုက်ညီ သော သီးနှံမျိုးသစ်များ ရှာဖွေ ဖေါ်ထုတ်နေမှု၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ နေကြာနှင့် အခြား သီးနှံများကို  ဒေသနှင့် ကိုက်ညီသော စိုက်ပျိုးနည်းစနစ်ရှာဖွေပေါ်ထုတ်နေမှုနှင့် မျိုးစေ့ အဆင့်ဆင့်ပွားများ ထုတ်လုပ်နေမှု များကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)