Skip to main content

အင်းယားစင်တာနှင့် မြန်မာကွန်ဗင်းရှင်းစင်တာတို့တွင် COVID-19 ပိုးတွေ့လူနာများနှင့် ဆက်စပ်လူနာများထားရှိရန် ကြိုတင်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၅

 ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ အင်းယားစင်တာနှင့် မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်း ရှင်းစင်တာ(MCC)တို့၌ COVD-19 ပိုးတွေ့လူနာများ ထားရှိရေး ကြိုတင် ပြင်ဆင်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်တာဝန် ရှိသူများက သွားရောက်ကြည့်ရှု ကြသည်။

ရှင်းလင်းတင်ပြ

တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူး တို့အား မရမ်းကုန်းမြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန (မရမ်းကုန်း)အင်းယားစင်တာမှ ဒေါက်တာထွန်းမင်းနှင့် တာဝန် ရှိသူများက စင်တာ၌ COMID-19 ပိုးတွေ့လူနာ ၂၀၀ ထားရှိနိုင်ရေး လိုအပ်သည်များ ပြင်ဆင်ဆောင် ရွက်နေမှုများကို လည်းကောင်း၊ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်း ရှင်းစင်တာ(MCC)မှ တာဝန်ရှိသူ များက စင်တာ၌ COVID-19 ဆက်စပ်လူနာ ၂၅၀ ထားရှိနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ပံ့ပိုးကူညီ

ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စင်တာများ၌ လူနာများအတွက် အောက်ဆီဂျင် လုံလောက်စွာရရှိရေး၊ အစားအသောက်၊ နေရာထိုင်ခင်း၊ စေတနာ့ဝန်ထမ်းများဖွဲ့စည်းထား ရှိမှုနှင့် PPE ဝတ်စုံ လိုအပ်မှုများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်